ဗဟိုကော်မတီဝင်တိုးချဲ့ဖွဲ့စည်းရန် မွန်ပြည်သစ်ပါတီညီလာခံ ဆုံးဖြတ်
Dawei Watch
January 10, 2024မွန်ပြည်သစ်ပါတီ လုပ်ငန်စဉ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဗဟိုကော်မတီဝင် တိုးချဲ့ဖွဲ့စည်းသွားရန် မွန်ပြည်သစ်ပါတီ ၁၁ ကြိမ်မြောက် ညီလာခံက ဆုံးဖြတ်လိုက်ကြောင်း ယင်းပါတီကထုတ်ပြန်သည်။ တိုးချဲ့ဗဟိုကော်မတီတွင် လူငယ်၊ အမျိုးသမီး၊ မျိုးချစ်ပုဂ္ဂိုလ်၊ ပညာရှင်တို့ပါဝင်ခွင့်ပြုထားပြီး အရေအတွက်အားဖြင့် ၇ ဦး ပါဝင်ခွင့် ပြုထားကြောင်း ပါတီညီလာခံ လမ်းညွန်ချက်တွင် ဖော်ပြထားသည်။ တိုးချဲ့ဗဟိုကော်မတီဝင် အချက်အလက်များနှင့် ပတ်သက်ပြီး လူငယ်ဖြစ်ပါက အသက် ၂၅ မှ ၃၅ ကြားဖြစ်ရမည်ဖြစ်ကြောင်း၊ ပါတီလမ်းစဉ်ကို လက်ခံသူ၊ ပါတီက ချမှတ်ထားသည့် စည်းမျဉ်းဥပဒေများ လိုက်နာပြီး၊ ပါတီက ချမှတ်ပေးသည့် လုပ်ငန်းတာဝန်များကိုကျေပွန်စွာ ထမ်းဆောင်သူဖြစ်ရမည်ဖြစ်ကြောင်း ပါတီလမ်းညွှန်ချက်တွင် ပါရှိသည်။ ယင်းအပြင် တိုးချဲ့ဗဟိုကော်မတီဝင်များသည် ဘွဲ့တံဆိပ်တစ်ခုခုရရှိထားရန်၊ လူမှုအဖွဲ့အစည်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးရမည်ဖြစ်ကြောင်း၊ အနည်းဆုံး ပါတီညီလာခံတစ်ကြိမ်တွင်အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ၁၁ […]