BREAKING
April 21, 2025

မွန်

မွန်တောင်ပိုင်းဒေသတွင် စစ်ရေးအရှိန်မြှင့်မည်ဟု တော်လှန်ရေးအဖွဲ့များဆို

Dawei Watch

January 18, 2024

မွန်ပြည်နယ်တောင်ပိုင်းဒေသတွင် စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် သတိထားသွားလာကြရန် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။ ၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်နယ်တောင်ပိုင်းတွင် စစ်ဆင်ရေး အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများကဆိုသည်။ မကြာမီကာလအတွင်း မွန်ပြည်နယ် ရေးနှင့် သံဖြူဇရပ်မြို့နယ်များတွင် စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ပြောဆိုသည်။ စစ်ရေးအရှိန်မြင့်လာမည် ဖြစ်သည့်အတွက် ပြည်သူများအနေနှင့် စစ်ကောင်စီတပ်စခန်းများ အနီးသွားလာနေထိုင်ခြင်းများ မလုပ်ရန်၊ မလိုအပ်ဘဲ ခရီးသွားလာမှုများ မလုပ်ရန်၊ မဖြစ်မနေ သွား လာနေထိုင်ရပါကလည်း စစ်ရေးသတင်းနားထောင်ရန်နှင့် ဗုံးခိုးကျင်းများ တူးဖော်ထားကြရန် တိုက် တွန်းထားသည်။ ရေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့ကလည်း ယခုရက်ပိုင်းအတွင်း ဒေသခံပြည်သူများ အသွားအလာသတိပြုကြရန် ဇန်နဝါရီလ ၁၅ ရက်နေ့က သတိပေးကြေညာချက် ထုတ်ပြန်ထားသည်။ […]

သိမ်ဇရပ်တွင် လက်နက်ကြီးကျ၍ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

Dawei Watch

January 18, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ သုံးခွကျေးရွာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၁၀ အမြောက်တပ်မှ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ကျောက်ပုံကြီးကွင်းနှင့် သုံးခွကျေးရွာများသို့ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သုံးခွကျေးရွာနေ အသက် ၁၇ နှစ်အရွယ် မောင်ဇော်ဇော်အောင်နှင့် အသက် ၁၉ နှစ်အရွယ် မောင်လှမျိုးထွေးတို့ ပေါင်နှင့် ကျောတို့တွင်ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။ “ဘာတိုက်ပွဲမှ မရှိဘဲ ကျေးရွာထဲ လက်နက်ကြီးပစ်တာ၊ ရွာအရှေ့ဘက်ခြမ်းက ဦးလေးတို့ နေအိမ်အနီး လက်နက်ကြီးကျသွားတာ၊ ကောင်လေးနှစ်ယောက်ထိသွားတယ်။ […]

ဘီးလင်းရှိ ဝင်းတာပန်စခန်းကို KNUနှင့်ပူးပေါင်းတပ်များ ပိတ်ဆိုထားပြီး တိုက်ပွဲပြင်းထန်

Dawei Watch

January 17, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာရှိ စစ်ကောင်စီစခန်းကို KNU(ကရင်အမျိုးသား အစည်းအရုံး)နှင့် ပူးပေါင်းတပ်များ ဘက်က ပိတ်ဆို့ထားပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီစခန်းထဲမှ တပ်သားများ အပြင်ထွက်မရရန်၊ စစ်ကူမလာနိုင်ရန်နှင့် ရိက္ခာမသယ်နိုင် စေရန်အတွက် KNU ဘက်က ရေလမ်း၊ ကုန်းလမ်း အကုန်ပိတ်ဆို့ထားပြီး တိုက်ပွဲများဆက်လက်ဖော် ဆောင်နေကြောင်း တော်လှန်ရေးအဖွဲ့များထံမှသိရသည်။ တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေသလို KNUနှင့် ပူပေါင်းတပ်ဖွဲ့များ ဘက်ကလည်း ဒရုန်း၊ လက်နက်ကြီး၊ လက်နက် ငယ်များ အသုံးပြုတိုက်ခိုက်နေခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသော်လည်း အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် စစ်ကောင်စီဘက်က ဝင်းတာပန်စခန်းသို့ စစ်ကူလာရောက်နိုင်ခြင်းမရှိဘဲ လက်နက်ကြီး ပစ်ကူပေးခြင်းများသာ ရှိကြောင်း သိရသည်။ ၂၀၂၃ ဒီဇင်ဘာလ […]

မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌနိုင်ထောမွန် ကွယ်လွန်

Dawei Watch

January 17, 2024

မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌနိုင်ထောမွန်သည် ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ထိုင်းနိုင်ငံ၊ စံခလပူရီ (ဝင်းက)ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။ နိုင်ထောမွန် ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီး လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ နိုင်ထောမွန်သည် မုဒုံမြို့နယ်၊ ကမာဝက်မြို့ ဖခင် ဦးသောင်းစိန်၊ မိခင် မိငွေကြည်တို့မှ ၁၃၀၈ ခုနှစ်တွင် မွေးခဲ့ပြီး ဒုတိယမြောက်သားဖြစ်သည်။ နိုင်ထောမွန်သည် ကမာဝက်‌ကျောင်းတွင် မူလတန်းမှ အထက်တန်းအထိ တက်ရောက်ပညာသင်ကြားခဲ့ပြီး ၁၀ တန်းကို မုဒုံမြို့ အထက (၁) ကျောင်းတွင် အောင်မြင်ခဲ့သူဖြစ်သည်။ နိုင်ထောမွန်သည် ၁၉၆၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်လာခဲ့ပြီး ပါတီတွင် ဆက်သွယ်ရေး တပ်သားအဆင့်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ကာ […]

လုံလောက်သည့် ဆေးကုသမှုမရ၍ ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံး

Dawei Watch

January 16, 2024

မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦး လုံလောက်သည့် ဆေးကုသမှုမရသဖြင့် သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM က ထုတ်ပြန်လိုက်သည်။ ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် အသက် ၃၁ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည် ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၁၀ နာရီခန့်က လေထိုး‌လေအောင့်ဖြစ်ပြီး ထောင်ဆေးရုံတွင် ဆေးကုသမှုခံယူရန် သွားခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ သို့သော်ထောင်ဆေးရုံတွင် ဆေးရုံအုပ်အနားယူနေသည့်အတွက် တာဝန်ကျ သွားဆရာဝန်မှ ကိုပြည့်ဖြိုးအောင်ကို ကြည့်ရှူစစ်ဆေးပေးပြီး ဆေးတစ်လုံးထိုးပေးခဲ့ကြောင်း ဆေးထိုးပြီး တစ်နာရီခန့်အကြာတွင် ပါးစပ်မှ အမြုပ်ထွက်ပြီး မေ့လဲသွားခဲ့သည်ဟု PPNM က ထုတ်ပြန်ထားသည်။ အရေးပေါ်ဖြစ်နေသည့် ကိုပြည့်ဖြိုးအောင်ကို ထောင်ဆေးရုံအုပ်က အသက်ကယ်ဆေးနှစ်လုံး ထိုးပေးခဲ့ပြီး ပြင်ပဆေးရုံသို့ ဇန်နဝါရီလ […]

ကျိုက်ထို အင်းဝဘဏ်ပစ်ခတ်မှု ပြည်သူ့စစ်တစ်ဦးသေပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Dawei Watch

January 12, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းဝဘဏ်တွင် ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပစ်ခတ်မှုများဖြစ်ပွားပြီး ပြည်သူ့စစ်တစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ကံ့ကော်ရပ်ကွက်၊ ရန်ကုန်-ကျိုက်ထို ကားလမ်းမကြီးဘေးရှိ အင်းဝဘဏ်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က ယနေ့ နေ့လည် ၁၂ နာရီခွဲခန့်က ကားဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။ အင်းဝဘဏ်ပစ်ခတ်မှုဖြစ်စဉ်တွင် ပြည်သူ့စစ်တစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး အရပ်သားပြည်သူ အမျိုးသမီးတစ်ဦးတွင်လည်း ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရကာ ကျိုက်ထိုဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မြို့ခံတို့ထံမှ သိရသည်။ အင်းဝဘဏ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တို့က ကျိုက်ထိုမြို့အဝင်အထွက်နှင့် မြို့တွင်း လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ “ဘဏ်ပစ်ခတ်မှုမှာ […]

မွန်ပြည်သစ်ပါတီ ခေါင်းဆောင်ပိုင်းရွေးချယ်မှုပြီးစီး၊ ခေါင်းဆောင်အပြောင်းအလဲမရှိ

Dawei Watch

January 12, 2024

ကျင်းပလျက်ရှိသည့် မွန်ပြည်သစ်ပါတီ ၁၁ ကြိမ်မြောက် ညီလာခံတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်ရွေးချယ်မှု ဇန်နဝါရီလ ၁၁ရက်တွင် ပြီးစီးသွားပြီဖြစ်ပြီးခေါင်းဆောင်အပြောင်းအလဲ မရှိကြောင်း မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ဥက္ကဋ္ဌ နိုင်ဟံသာ၊ ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ဇွဲယျ၊ တွဲဘက်အတွင်းရေးမှူး နိုင်ဝင်းလှတို့သာ ပြန်လည် ရွေးချယ်ခံရသလို ကျန်ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များလည်း အပြောင်းအလဲမရှိဘဲ ပြန်လည်ရွေးချယ်ခံရသည်။ ယခုညီလာခံက ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂ ဦး ထပ်တိုးရွေးချယ်ခဲ့ပြီး ပါတီကို ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ထပ်တိုးရွေးချယ်ခံရသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂ ဦးသည် မိစားတားနှင့် ဒုစစ်ဦးစီးချုပ် ဗညားချမ်းနွန်တို့ ဖြစ်သည်။ ပါတီ ၁၁ ကြိမ်မြောက် ညီလာခံက ဗဟိုကော်မတီအဖွဲ့ […]

ကျေးရွာများအတွင်း စစ်ကောင်စီတပ် တပ်စွဲထားသဖြင့် ကျိုက်မရောဒေသခံများ နေရပ်မပြန်ရဲသေး

Dawei Watch

January 11, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ၊ တောင်ကလေးနှင့် အနီးနားတဝိုက်ရှိ ကျေးရွာတို့တွင် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေသည့်ဒေသခံများ နေရပ်မပြန်ရဲသေးဘဲ ဖြစ်နေကြောင်း ဒေသခံတို့က ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ချောင်းနှစ်ခွကျေးရွာရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ချောင်းနှစ်ခွဒေသကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်ထားနိုင်ခဲ့သည့်အခြေအနေရှိခဲ့သည်။ ဒီဇင်ဘာလနောက်ဆုံးအပတ်ခန့်တွင် ချောင်းနှစ်ခွဘက်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက် လာခဲ့ပြီး KNLA ပူးပေါင်း တပ်ဖွဲ့တို့နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ယင်းနောက် စစ်ကောင်စီတပ်တို့က ချောင်းနှစ်ခွ၊ တောင်ကလေးအပါအဝင် အနီးနားတဝိုက်ရှိ ကျေးရွာတို့တွင် ဝင်ရောက် တပ်စွဲခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ လက်ရှိတွင် ဒေသတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာအတွင်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့်အတွက် ဒေသခံများ […]