မွန်ဝါရင့်နိုင်ငံရေးသမား နိုင်ငွေသိန်း ကွယ်လွန်
Dawei Watch
January 23, 2024မွန်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် နိုင်ငွေသိန်း (ခေါ်)နိုင်ဂျနူမွန်သည် ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်က ရန်ကုန်မြို့ တွင် ကွယ်လွန်သွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ အသက် ၈၉ နှစ်အရွယ် နိုင်ငွေသိန်းသည် ရန်ကုန်မြို့ အာရှတော်၀င်ဆေးရုံတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း နီးစပ်သူတို့က ပြောသည်။ နိုင်ငွေသိန်းသည် ကရင်ပြည်နယ်၊ ထုံးအိုင်ရွာဇာတိဖြစ်ပြီး ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မွေးဖွားခဲ့သည်။ နိုင်ငွေသိန်း၏ ရုပ်အလောင်းကို မော်လမြိုင်သို့ သယ်ဆောင်လာမည်ဖြစ်ပြီး စျာပနအခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ နိုင်ငွေသိန်းသည် ဘုန်းကြီးကျောင်းတွၚ် အကြီးတန်းအထိ ပညာသင်ကြားခဲ့ကာ ကိုရင်ဘဝဖြင့်ပင် ၁၀ တန်းအောင်ခဲ့ပြီး တက္ကသိုလ်ပညာများကို ဘွဲ့ရသည်အထိ သၚ်ကြားခဲ့သည်။ […]