မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌနိုင်ထောမွန် ကွယ်လွန်
Dawei Watch
January 17, 2024မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌနိုင်ထောမွန်သည် ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ထိုင်းနိုင်ငံ၊ စံခလပူရီ (ဝင်းက)ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။ နိုင်ထောမွန် ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီး လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ နိုင်ထောမွန်သည် မုဒုံမြို့နယ်၊ ကမာဝက်မြို့ ဖခင် ဦးသောင်းစိန်၊ မိခင် မိငွေကြည်တို့မှ ၁၃၀၈ ခုနှစ်တွင် မွေးခဲ့ပြီး ဒုတိယမြောက်သားဖြစ်သည်။ နိုင်ထောမွန်သည် ကမာဝက်ကျောင်းတွင် မူလတန်းမှ အထက်တန်းအထိ တက်ရောက်ပညာသင်ကြားခဲ့ပြီး ၁၀ တန်းကို မုဒုံမြို့ အထက (၁) ကျောင်းတွင် အောင်မြင်ခဲ့သူဖြစ်သည်။ နိုင်ထောမွန်သည် ၁၉၆၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်လာခဲ့ပြီး ပါတီတွင် ဆက်သွယ်ရေး တပ်သားအဆင့်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ကာ […]