BREAKING
April 20, 2025

မွန်

ရေးမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

Dawei Watch

March 13, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင် လူတစ်စုက နေအိမ်တွင် လာရောက်ပစ်သတ်သွားကြောင်း ဒေသခံတို့ထံမှသိရသည်။ သောင်ပြင်ကျေးရွာ အကွက် (၁၆) တွင် နေထိုင်သည့် အသက် ၅၄ နှစ်အရွယ် ပြည်သူ့စစ် အဖွဲ့ဝင် ဦးသန်းစိုးကို လက်နက်ကိုင် လူတစ်စုက မတ် ၁၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “သေနတ်သမားတွေ ရောက်လာတဲ့အချိန်မှာ ဦးသန်းစိုးက အိမ်နောက်ဖေးကနေ ထွက်ပြေးဖို့ လုပ်တဲ့အချိန်မှာ ပစ်ခတ်ခံရတာ” ဟု သောင်ပြင် ဒေသခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသန်းစိုးသည် မေးစေ့၊ ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ များဖြင့် အခင်းဖြစ်ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် […]

သထုံတွင် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌတစ်ဦး ပစ်သတ်ခံရ

Dawei Watch

March 12, 2024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ မြတ်စံကြီးကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးရွှေလှဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ အသက် ၆၀အရွယ် ဦးရွှေလှဦးကို အမည်မသိ သေနတ်သမားတို့က မတ်လ ၁၀ ရက်နေ့ ည ၁၁နာရီခန့်က နေအိမ်တွင် လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “သူက (ဦးရွှေလှဦး) သူ့ အိမ်အောက်ထပ်မှာ ရှိနေတယ်။ သေနတ်သမားတွေက အိမ်ထဲဝင်လာပြီး ပစ်သွားတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးရွှေလှဦးသည် ရင်ဘတ်နှင့် ဆီးခုံတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေအိမ်တွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးရွှေလှဦးသည် စစ်တပ်အာဏာမသိမ်းခင်က ကျေးရွာ NLD […]

မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ငါးထောင်ကျော်သာရှိ

Dawei Watch

March 11, 2024

မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ငါးထောင်ကျော်သာရှိကြောင်း ပြည်နယ်ပညာရေးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား ကျောင်းသူ ခြောက်ထောင်ကျော်ရှိသည့်အနက် ကျောင်းသား၊ ကျောင်းသူ ၅၇၆၇ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ ယနေ့ မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပနေသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၂၃ ခု ရှိသည်ဟု ပြည်နယ်ပညာရေးဌာနထံမှသိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူများအနက် မော်လမြိုင်မြို့နယ်တွင် ၁၄၄၈ ဦး အများဆုံးဖြစ်ပြီး ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်တွင် ၃၀၀ ကျော်၊ ရေးမြို့နယ်တွင် ၄၀၀ ကျော်၊ ကျိုက်ထိုမြို့နယ် တွင် ၄၀၀ ကျော်၊ ဘီးလင်းတွင် ၄၀၀ […]

ကျိုက်ထိုတွင် ညီဖြစ်သူကို ပစ်ခတ်ရာမှ လေဖြတ်နေသည့်အစ်ကိုဖြစ်သူ ကျည်ထိမှန်သေဆုံး

Dawei Watch

March 7, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာတွင် အမည်မသိသေနတ်သမားတို့က အမျိုးသားတစ်ဦးကို လာရောက် ပစ်ခတ်ရာတွင် အဆိုပါအမျိုးသားကို မထိဘဲ လေဖြတ်နေသည့် အစ်ကိုဖြစ်သူအား ကျည်ထိမှန် သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကော့ဘိန်းကျေးရွာ လေယာဉ်ကွင်းဟောင်းအနီးတွင် နေထိုင်သည့် အသက် ၅၀ နှစ်အရွယ် ဦးမင်းမင်းကို အမည်မသိ သေနတ်သမားတို့က မတ်လ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က နေအိမ်တွင် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ပစ်ခတ်မှုတွင် ဦးမင်းမင်းသည် ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် သေနတ်ထိမှန်ဒဏ်ရာရရှိမှု မရှိသော်လည်း နေအိမ်တွင် ရှိနေသည့် ဦးမင်းမင်း၏ အစ်ကို အသက် ၅၅ နှစ်အရွယ် ဦးသင်းအောင်ကို ကျည်ထိမှန်သွားကြောင်း ဒေသခံတို့က ပြောသည်။ ဦးသင်းအောင်တွင် ရင်ဘတ်၊ လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် […]

ဘီးလင်း ပျဉ်သာတံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီး

Dawei Watch

March 6, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်သာကျေးရွာ ဘီးလင်း-ဖာပွန်ကားလမ်းပေါ်ရှိ ပျဉ်သာတံတား ယနေ့ မတ်လ ၆ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အရှည် ပေ ၁၂၀၊ အကျယ် ၂၄ ပေရှိသည့် ပျဉ်သာတံတားသည် ယနေ့ နံနက် ၁ နာရီကျော်က မိုင်းဖောက်ခွဲခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားပြိုကျ ပျက်စီးသွားပြီး ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရသည့်အခြေအနေဖြစ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။ “လောလောဆယ် တံတားက ဖြတ်သန်းသွားလာလို့ မရတော့ဘူး။ လုံးဝကိုပြိုကျပျက်စီးသွားတယ်။ အဲဒီဒေသတဝိုက်က လူတွေကတော့ သွားလာရေးအတွက် အခက်အခဲဖြစ်သွားပြီး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပျဉ်သာတံတားသည် ဘီးလင်းမြို့နယ်နှင့် ဖာပွန်မြို့နယ်ကို ဆက်သွယ်ထားသည့် ခရိုင်ချင်းဆက် လမ်းပေါ်ရှိ တံတားဖြစ်ပြီး […]

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)နှင့် ပတ်သက်၍ဟုဆိုကာ အမျိုးသမီး ၃ ဦးကိုဖမ်းဆီး

Dawei Watch

March 4, 2024

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ၏ နိုင်ငံရေးစစ်ရေးဦးဆောင် အဖွဲ့ ဝင်တစ်ဦးဖြစ်သည့် နိုင်ကြည်စန်း၏ ညီမဖြစ်သူအပါအဝင် ၃ ဦးကို စစ်ကောင်စီ အမြှောက်တပ် (အမတ-၃၁၈) ကဖမ်းဆီးသွားကြောင်း သိရသည်။ အဆိုပါအမျိုးသမီး ၃ ဦးကို မတ်လ ၂ ရက်နေ့ ညပိုင်းအချိန်က စစ်တပ်က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သိရသည်။ မတ်လ ၂ ရက်နေ့ည ၈ နာရီအချိန်ခန့်တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD မှ မုဒုံမြို့နယ်၊ ကော့ပီထော်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင် နိုင်အဒမ်းကို လက်နက်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများကဆိုသည်။ ယင်းဖြစ်စဉ်ပြီးနောက် တောင်ပကျေးရွာနေ နိုင်ကြည်စန်း၏ ညီမဖြစ်သူ ဒေါ်မြင့်စန်းဆိုသူအား စစ်ဆေးမေးမြန်းရန်ဆိုကာ စစ်ကောင်စီ လက်အောက်ခံ အမတ – ၃၁၈ က […]

ဘီးလင်းဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဟု KNU ပြော

Dawei Watch

February 27, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာခံ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ ဝင်းတာပန်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ-၄၀၉ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက နောင်ကတုတ်ချောင်းအနီးရှိ ဒေသအခေါ် ပနာ့ကွီးနေရာတွင် ဝင်းတာပန်အထက်ရွာသား အသက် ၃၃ နှစ်အရွယ် စောချဝေါ် ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စောချခေါ်၏ ဘယ်ဘက်လက် တံတောင်ဆစ်တွင် ကျည်ဆံထိမှန် ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ စောချဝေါ်သည် ဟင်းသီးဟင်းရွက်ခူးရန်၊ ဝါးခုတ်ရန် သွားစဉ် စစ်ကောင်စီတပ်နှင့် တွေ့ရာမှ ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ […]

သံဖြူဇရပ်မြို့ခံတစ်ဦး ထပ်မံဖမ်းဆီးခံရ

Dawei Watch

February 23, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF အား ထောက်ပံ့သည်ဟု စွပ်စွဲကာ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားကြောင်း မြို့ခံတို့ထံမှ သိရသည်။ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၆ နှစ်အရွယ် နန်းမြင့်ဦး (ခ) တရုတ်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ နန်းမြင့်ဦးသည် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ဖွင့်ထားသူဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “တရုတ်ကို ပန်ဆယ်လိုနဲ့ PDF ‌တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းသွားတာ။ ဘယ်မှာထားထားလဲ ဆိုတာ မသိသေးဘူး။ အဆက်အသွယ်လည်း မရသေးဘူး” ဟု နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။ နန်းမြင့်ဦးသည် ၂၀၂၂ ခုနှစ် ဩဂုတ်အတွင်းက ငွေကျပ် ၈၀၀၀၀၊ ၂၀၂၃ […]