မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များ ပုံမှန်ပြန်ပြေးဆွဲ
Dawei Watch
March 26, 2024မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် မီးရထားခရီးစဉ်များကို မတ်လ ၂၅ ရက်နေ့ကစပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေကြောင်း မော်လမြိုင်ဘူးတာကြီးထံမှ သိရသည်။ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် မတ်လ ၁၈ ရက် နံနက်ပိုင်းက ကျောက်တင်ရထား မိုင်းဆွဲခံရပြီး ရထားတွဲဆိုင်း ၇တွဲ လမ်းချော်တိမ်းမှောက်သွားခဲ့သလို ရထားလမ်း လည်း ပေ ၂၀ ခန့် ပျက်စီးခဲ့သည်။ ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် မော်လမြိုင်-ရန်ကုန် အစုန်ရထားခရီးစဉ်နှင့် ရန်ကုန်-မော်လမြိုင် အဆန် ရထားခရီးစဉ်များကို မတ်လ ၁၉ ရက်နေ့ကစပြီး ယာယီဖျက်သိမ်းခဲ့သည်။ ပျက်စီးသွားသည့် ရထားလမ်းပိုင်းကို မတ်လ ၂၃ ရက်နေ့က ပြန်လည်ပြင်ဆင်ပြီးဖြစ်သည့်အတွက် မတ်လ ၂၄ ရက်နေ့တွင် ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲရန် စီစဉ်ပြီးမှ လုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ ရထားခရီးစဉ်များ ကို […]