BREAKING
April 19, 2025

မွန်

မွန်အမျိုးသားညီလာခံ ဧပြီလပထမပတ်အတွင်း ကျင်းပမည်

Dawei Watch

March 25, 2025

မွန်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီမှ ဦးဆောင် ကျင်းပမည့် မွန်အမျိုးသားညီလာခံတစ်ရပ်ကို လာမည့် ဧပြီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမည်ဟု ညီလာခံကျင်းပရေးကော်မတီထံမှ သိရသည်။ ညီလာခံကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်ရှိ ရာမညနိကာယ ဓာတုမာလာ မွန်ပရိယတ္တိကျောင်းတိုက်တွင် ကျင်းပသွားရန် စီစဉ်ထားသည်ဟုလည်း ညီလာခံကျင်းပရေးကော်မတီက ပြောသည်။ ညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူနှင့် ယင်းနှင့် ကိုက်ညီသည့် မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ဆွေးနွေးသွားရန်ရှိသည်။ “အဓိက ဖက်ဒရယ်အခြေခံမူနဲ့ ပြီးခဲ့တဲ့ ညီလာခံကနေ ရေးဆွဲထားတဲ့ မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးတော့ ဆွေးနွေးသုံးသပ်ကြမယ်။ ကျန်တာတွေကတော့ အမျိုးသားအရေးအတွက် ဆွေးနွေးကြဖို့ရှိမယ်” ဟု ညီလာခံကျင်းပရေး ကော်မတီဝင်တစ်ဦးက ပြောသည်။ ညီလာခံကို မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီ […]

ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့ ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

Dawei Watch

March 24, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကြာဖြူကျေးရွာနှင့် ခမိတ်ကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် မော်တော်ယာဉ်များကို စစ်ဆေးနေသည့် စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။ မတ်လ ၂၃ ရက် ညနေ ၅ နာရီခွဲခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီ လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဒုစုံစမ်းစစ်ဆေးရေးမှူး ဦးမင်းသူနှင့် လက်ထောက်စုံစမ်းစစ်ဆေးရေးမှူး ဦးမျိုးသန့်တို့နှစ်ဦး အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးခဲ့ပြီး စုံစမ်းစစ်ဆေးရေးမှူး ဦးသူရစိုး အပြင်းအထန် ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ “အဲဒီအဖွဲ့က ကြာဖြူနှင့် ခမိတ်ရွာကြားလမ်းမကြီးမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်ယာဉ်တွေကို စစ်ဆေးနေတဲ့အဖွဲ့ ဖြစ်တယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ […]

ကျိုက်ထိုတွင် ဘုန်းကြီးကျောင်း လက်နက်ကြီးထိပြီး ရဟန်းတစ်ပါးပျံလွန်ပြီး နှစ်ပါးဒဏ်ရာရ

Dawei Watch

March 22, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ရဟန်းတစ်ပါးပျံလွန်တော်မူပြီး နှစ်ပါးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာတွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ခရွဲကျေးရွာဘက်ကို လက်နက်ကြီးဖြင့် မတ် ၂၁ ရက် နံနက် ၉ နာရီခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ လက်နက်ကြီးကျည်များအနက် တစ်လုံးသည် ခရွဲကျေးရွာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ဆွမ်းဘုန်းရန် ပြင်ဆင်နေသည့် သက်တော် ၅၀ အရွယ်ရှိ ရဟန်းတစ်ပါး ပျံလွန်တော်မူပြီး သက်တော် ၄၀ အရွယ် ရဟန်းနှစ်ပါး ထိမှန်ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ကြီးက ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်အပေါ်တည့်တည့်မှာ ကျသွားတယ်။ အချိန်ကလည်း […]

မွန်တွင် စစ်ဘေးရှောင် နှစ်သောင်းခန့်အကူအညီလို

Dawei Watch

March 20, 2025

မွန်ပြည်နယ်တွင် စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူနှစ်သောင်းခန့်ရှိနေပြီး အစားအသောက်နှင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးအကူအညီပေးနေသူများထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စစ်ကောင်စီ စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့နယ် ခြောက်ခုထက် မနည်းတွင် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူ ကျိုက်ထိုမြို့နယ်တွင် ၉၀၀ ကျော်၊ ဘီးလင်းမြို့နယ်တွင် ၅၅၀၀ ကျော်၊ သထုံမြို့နယ်တွင် ၂၀၀၀ ကျော်၊ ကျိုက်မရောမြို့နယ်တွင် ၁၀၀၀ ကျော်၊ သံဖြူဇရပ်မြို့နယ်တွင် ၃၃၀၀ ကျော်နှင့် ရေးမြို့နယ်တွင် ၄၅၀၀ ကျော်ရှိကြောင်း မွန်ပြည်နယ် လူသားချင်းစာနာမှုကွန်ရက်၏အချက်အလက်များအရ သိရသည်။ ထွက်ပြေးတိမ်းရှောက်နေရသူအများစုသည် နယ်မြေအခြေအနေ မတည်ငြိမ်မှုကြောင့် နေရပ်သို့ ပြန်လာနိုင်ခြင်းမရှိသလို ဒေသအချို့တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသော်လည်း ဒေသတွင်း စစ်ကောင်စီတပ်က […]

မွန်တွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေသူ ကိုးထောင်ကျော်ရှိ

Dawei Watch

March 17, 2025

မွန်ပြည်နယ်တွင် ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်သည် ယမန်နှစ်ကထက် သုံးထောင်ကျော်တိုးလာကြောင်း ပြည်နယ်ပညာရေးဌာန၏ အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ၆၀၀၀ ကျော်သာရှိခဲ့ပြီး ယခုနှစ်တွင် ၉၃၀၀ ကျော်ရှိကြောင်း အထက်ပါစာရင်းများအရ သိရသည်။ ယနေ့ မတ်လ ၁၇ရက်တွင် စတင်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၂၃ ခု ရှိကြောင်း ပြည်နယ်ပညာရေးဌာနထံမှ သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲကာလ လုံခြုံရေးအထူးဆောင်ရွက်ကြရန် စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မတ်လ ၁၄ရက်တွင် ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် ဌာနဆိုင်ရာများကို ညွှန်ကြားခဲ့သည်။ ယင်းအပြင် စာမေးပွဲဖြေဆိုသည့်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ […]

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

Dawei Watch

March 14, 2025

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဖြစ်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ၏ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သည့် နိုင်အိုက်ချမ်းသည် မတ်လ ၁၃ ရက်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့၊ ကော့တုံဌာနချုပ်က ဗိုလ်မှူးချုပ်အဆင့်ရှိ နိုင်အိုက်ချမ်းသည် တပည့်တစ်ဦးနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာဘက်တွင် ကားဖြင့် မောင်းနှင်သွားလာနေစဉ် လမ်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ နိုင်အိုက်ချမ်း၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး တပည့်ဖြစ်သူ ဖိုးတုတ်ဆိုသူလည်း သေဆုံးကြောင်း နီးစပ်သည့် ဒေသခံများက ဆိုသည်။ “နိုင်အိုက်ချမ်းက ကားနဲ့ ကော့ဘိန်းဘက်ကိုအလာ လမ်းမှာ ပစ်ခတ်ခံရတယ်။ သူ့တပည့်တစ်ယောက်လည်း ပါတယ်။ နှစ်ယောက်စလုံး ပွဲချင်းပြီး […]

ဘီးလင်းတွင် လူငယ်များကို စစ်ကောင်စီဆက်တိုက်ဖမ်းဆီး

Dawei Watch

March 13, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် လူငယ်များကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးနေပြီး မတ်လ ဒုတိယအပတ် အတွင်း၌ပင် လူငယ် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ မတ်လ ၉ရက် ညက ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာတွင် အမျိုးသမီးများအပါအဝင် လူငယ် ၁၀ ဦးခန့်ကို စစ်ကောင်စီက နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွား ကျေးရွာဒေသခံအချို့က ပြောသည်။ အဆိုပါလူငယ်များကို မည်သည့်အကြောင်းအရင်ကြောင့် ဖမ်းဆီးသွားသည်ကိုမသိရသေးသလို အဆက်အသွယ်လည်း မရရှိသေးကြောင်း ၎င်းတို့က ဆိုသည်။ “စိုးရိမ်နေကြတာက သူတို့ကို စစ်မှုထမ်းအတွက် ပို့လိုက်မှာကိုပဲ စိုးရိမ်နေကြတယ်။ အဖမ်းခံရတာတွေက လူငယ်တွေပဲဖြစ်နေတော့ စစ်မှုထမ်းအတွက်ပဲ ဖမ်းတာလားပေါ့လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။ မတ်လ ၁၀ ရက် ညနေပိုင်းတွင် ဘီးလင်းမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် […]

မုဒုံ ကလော့သော့ရွာတွင် လူငယ်နှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

March 11, 2025

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာတွင် ဆိုင်ကယ်စီးနင်းလာသည့် လူငယ်နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ကလော့သော့ကျေးရွာတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မွန်ထိုင်းနှင့် ကော့မီထော်ကျေးရွာတွင်နေထိုင်သည့် အသက် ၂၅နှစ်အရွယ် မောင်ကလန်တို့သည် မတ်လ ၁၀ ရက် နံနက် ၁ နာရီနှင့် ၂ နာရီကြားတွင် ကလော့သော့ကျေးရွာ ရပ်ကွက် (၄) ဘောလုံးကွင်းအနီးတွင် ပစ်ခတ်ခံရကြောင်း ဒေသခံများက ဆိုသည်။ လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို ယင်းနေ့ နံနက်ပိုင်းတွင် လမ်းသွားလမ်းလာတို့ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါလူငယ်နှစ်ဦးတွင် ဦးခေါင်း၊ နောက်ကျောနှင့် လက်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဒေသခံများက ပြောဆိုသည်။ ပစ်ခတ်ခံရသည့် လူငယ်နှစ်ဦးသည် ဒေသတွင်း ဆိုင်ကယ်ခိုးမှု၊ […]