စစ်ရှောင်များကို ကူညီနေသည့် မွန်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦး ဖမ်းဆီးခံရ
Dawei Watch
April 11, 2024မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စစ်ဘေးရှောင်များအရေးကူညီပေးနေသည့် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ အောင်နိုင်ဦးကို စစ်ကောင်စီတပ်က ဧပြီ ၁၀ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးသွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ဒေါက်တာ အောင်နိုင်ဦးသည် ဧပြီလ ၁၀ရက် နံနက် ၉ နာရီခန့်က ကျိုက်မရောမြိုနယ် ဂျိုင်းမြစ်ဒေသရှိ စစ်ဘေးရှောင်များကို အကူအညီပေးရန် သွားရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ကျိုက်မရောဘက်က စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှုတွေ သွားပေးတဲ့ အချိန်မှာ မော်လမြိုင် စက်မှုဇုန်နေရာမှာ စစ်တပ်က ဖမ်းဆီးလိုက်တယ်။ ဘာကြောင့် ဖမ်းတာလဲဆိုကတော့ မသိသေးဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ ဒေါက်တာအောင်နိုင်ဦးကို ပြန်လွှတ်ပေးရန်အတွက် သံဃာတော်များနှင့် မွန်ခေါင်းဆောင်တို့က စစ်ကောင်စီနှင့် သွားရောက် ညိုနှိုင်းနေသော် ညနေပိုင်းအချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း […]