ရထားလမ်းပိုင်း မိုင်းခွဲခံရပြီးနောက် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း
Dawei Watch
March 19, 2024မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ကျောက်တင်ရထား မိုင်းခွဲခံရပြီးနောက် ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းလိုက်ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် ယမန်နေ့ နံနက်ပိုင်းက အမှတ် ၆၈၆ အစုန် ကျောက်တင်ရထား မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။ ရထားမိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ရထားတွဲဆိုင်း ၇ တွဲ လမ်းချော်တိမ်းမှောက်သွားခဲ့ပြီး ရထားလမ်းလည်း ပေ ၂၀ ခန့် ပျက်စီးသွားခဲ့သည်ဟု သိရသည်။ ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် ရထားခရီးစဥ်နှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၁ အဆန် ရထားခရီးစဥ်များကို မတ်လ ၁၉ ရက်နေ့မှစပြီး ယာယီဖျက်သိမ်းကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။ […]