မော်လမြိုင်တက္ကသိုလ် သိင်္ဂီဆောင် တိုက်ခန်းလေးခန်းမီးလောင်
Dawei Watch
June 16, 2024မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်းရှိ သိင်္ဂီဆောင်တွင် မီးလောင်မှုဖြစ်ပွားပြီး တိုက်ခန်းလေးခန်း ပျက်စီးကြောင်း မော်လမြိုင် rescue လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ဇွန်လ ၁၅ ရက် ညသန်းခေါင်ယံ ၁၂ နာရီ ၄၀မိနစ် (ယနေ့ နံနက်အစောပိုင်း) တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး နာရီဝက်ကျော်အကြာ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ သိင်္ဂီဆောင် ဝန်ထမ်းလိုင်းခန်းတစ်ခုတွင် လျှပ်စစ်မီးဖို အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင် rescue လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ မီးစတင်လောင်ကျွမ်းသည့် တိုက်ခန်းအတွင်းပိုင်း မီးလောင်ခဲ့ပြီး နံဘေးရှိ တိုက်ခန်းတွဲ ၃ ခန်း မျက်နှာကျက်အပိုင်းများ မီးလောင်ပျက်စီးခဲ့ကြောင်းသွားရောက်ကူညီကယ်ဆယ်ရေးပြုလုပ်ခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။ မီးလောင်မှုတွင် လူထိခိုက်သေဆုံးမှု မရှိကြောင်းလည်း အဆိုပါအသင်းများထံမှ သိရသည်။