လမိုင်းပရဟိတအဖွဲ့၏ ဥက္ကဋ္ဌအပါအဝင်ငါးဦးကို စစ်ကောင်စီတပ်ဖမ်းဆီးထားပြီး ကိုးရက်ကြာအထိ ပြန်မလွတ်သေး
Dawei Watch
June 6, 2024မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့က လမိုင်းလူငယ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင်ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံတို့က ပြောသည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသည့် ရေးအခြေစိုက်စစ်ကောင်စီ ခမရ-၅၈၈ တပ်ရင်းက အရာရှိတစ်ဦးကို လမိုင်းလူငယ် ပရဟိတအသင်းက မေလ ၂၉ ရက်တွင် လမိုင်းဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်စဉ် ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့တို့က ပိတ်ဆို့စစ်ဆေးခဲ့ပြီး အဆိုပါ စစ်တပ်အရာရှိကို ဖမ်းဆီးသွားခဲ့သည်။ ထိုဖြစ်စဉ်ဖြစ်ပြီးနောက် အဆိုပါနေ့တွင်ပင် လူနာပို့ဆောင်ခဲ့သည့် လမိုင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အသင်းဝင် သုံးဦးတို့ကို ခမရ- ၅၈၈ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ခမရ ၅၈၈ က ဒဏ်ရာရထားတဲ့ အရာရှိကို လမိုင်းလူငယ်ပရဟိတက မော်လမြိုင်ကို ပို့ဖို့အသွား လမ်းမှာ တော်လှန်ရေး […]