ကျိုက်ထိုတွင် PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မောင်နှမနှစ်ဦး ဖမ်းဆီးခံရ
Dawei Watch
August 15, 2024မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် မောင်နှမနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ဩဂုတ်လ ၁၂ ရက်က ကိုပြည့်စုံထွန်းဆိုသူကို စစ်ကောင်စီတပ်က လမ်းတွင် ပိတ်ဆို့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အစ်မဖြစ်သူကို ဩဂုတ်လ ၁၃ ရက်တွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။ ကိုပြည့်စုံထွန်းတို့ မောင်နှမနှစ်ဦးကို စစ်တပ်က PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲပြီး ဖမ်းဆီးသွားခြင်းဖြစ်ပြီး အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ကိုပြည့်စုံထွန်းတို့ မောင်နှမကို ကျိုက်ထိုအခြေစိုက် တပ်မ – ၄၄ ဌာနချုပ် စစ်ကြောရေးတွင်ရှိနေသည် သတင်းရ သောကြောင့် သွားရောက်စုံစမ်းမေးမြန်းရာ မရှိဟု စစ်ကောင်စီတပ်ဘက်က ပြောဆိုခဲ့ကြောင်း […]