လမိုင်းမြို့က ယုဇနရွှေဆိုင် ကျပ်သိန်းထောင်ချီတန်ဖိုးရှိ ရွှေထည်များ ဓားပြတိုက်ခံရ
Dawei Watch
September 3, 2024မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့စျေးတွင် ဖွင့်လှစ်ထားသည့် ယုဇနအာမခံစိန်ရွှေရတနာဆိုင်ကို သေနတ်ကိုင်ထားသည့် လူတစ်စုက ဓားပြတိုက်ခဲ့ပြီး ရွှေထည်ပစ္စည်း ကျပ်သိန်းထောင်ချီ ပါသွားသည်ဟု နီးစပ်သူနှင့် မြို့ခံတို့ထံမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၃) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က လမိုင်းမြို့ဈေးရှိ ယုဇနအာမခံစိန် ရွှေရတနာဆိုင်တွင် ရွှေထည်ပစ္စည်းများ ခင်းရန် ပြင်ဆင်နေချိန် အမျိုးသားလေးဦးက ဆိုင်ထဲဝင်လာပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်ပစ္စည်းများ လုယူသွားခြင်းဖြစ်သည်။ “ဆိုင်ရှင်က ဆိုင်ကိုရောက်တဲ့အချိန်မှာ သူတို့က သေနတ်ပစ်ဖောက်ပြီးတော့ ဝင်လာတယ်။ အဲမှာ ရွှေတွေကို ပုံးလိုက် ယူပြီး ထွက်သွားတယ်။ ဆိုင်ကယ်မောင်းပြေးသွားတယ်။ ဆိုင်ကယ်က ရှေ့မှာပဲ ရပ်ထားတယ်။ သူတို့ ဘယ်ကတည်းက ရောက်နေလဲ မသိဘူး” ဟု နီးစပ်သည့်မြို့ခံတစ်ဦးက ပြောသည်။ လုယက်ခံရမှုကြောင့် […]