လိုင်စင်မဲ့ ငါးဖမ်းလှေများအား ထိရောက်စွာ အရေးယူမည်
diz_admin
February 10, 2020မွန်ပြည်နယ် ရေပိုင်နက်အတွင်းရှိ လိုင်စင်မဲ့ ငါးဖမ်းလှေများကို ထိရောက် စွာ အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။ ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပ ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက်အစည်း အဝေး၌ ရေးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးချစ်တင်၏ မေးမြန်းမှု အပေါ် ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ကမ်းနီးရော ကမ်းဝေးရော ပြဿနာတွေ အများကြီး ရှိပါတယ်။ ဒီကိစ္စ အားလုံးကို ကျွန်တော်တို့ ပြည်နယ်ငါး လုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်း ကော်မတီက ပင်လယ်ပြင်က အချက် အလက် အခြေအနေအမှန်ကို ကောက်ယူ ပါတယ်”ဟု ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။ မွန်ပြည်နယ်ရေပိုင်နက်အတွင်း […]