ရန်ကုန်-ထားဝယ်လမ်းတွင် အိမ်စီးကားတိမ်းမှောက်ပြီး ငါးဦးဒဏ်ရာရ
Dawei Watch
October 23, 2024ရန်ကုန်-ထားဝယ်ကားလမ်းတွင် အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းက အိမ်စီးကားတစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး ခရီးသွားငါးဦး ဒဏ်ရာရကြောင်း ရှင်သန်ရေးနှင့် နာရေးကူညီမှုအသင်း (ဘီးလင်း) ထံမှ သိရသည်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့အထွက်၌ အောက်တိုဘာလ ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ကားတိမ်းမှောက်ခဲ့ကြောင်း အထက်ပါအသင်း၏တာဝန်ရှိသူက ပြောသည်။ “ကားသမားပြောတာက အရှိန်လွန်ပြီး လမ်းဘေးထိုးကျတယ်လိုပြောတယ်။ သူတို့က မြဝတီဘက်ကလို့တော့ ကနဦး သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ ကားပေါ်တွင် ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသမီးလေးဦး၊ အမျိုးသားနှစ်ဦးလိုက်ပါလာကြောင်း ဆိုသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးသုံးဦး ဒဏ်ရာရကြောင်း အထက်ပါအသင်းထံမှ သိရသည်။ “တစ်ယောက်ပဲ နည်းနည်း စိုးရိမ်စရာရှိတယ်။ သူက ခေါင်းမူးတယ် ခေါင်းမူးတယ်ပဲ ပြောနေတယ်” ဟု အထက်ပါအသင်း […]