ရေးအခြေစိုက် ခမရ ၅၉၁ တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး ရေးဘီလူးအဖွဲ့ ဖမ်းဆီး
Dawei Watch
April 10, 2025မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၉၁ တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦးကို ရေးဘီလူးအဖွဲ့က ဖမ်ဆီးထားကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ ဧပြီလ ၉ ရက် နံနက်ပိုင်းတွင် ခမရ ၅၉၁ တပ်ရင်းမှ ထွက်ပြေးလာသည့် တပ်သား ကျော်ဇင်ဖြိုးဆိုသူကို ရေးဘီလူးတပ်ရင်း၊ တပ်ခွဲ (၂) က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အဆိုပါတပ်သားကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ “သူက တပ်ကနေ ထွက်ပြေးလာတယ်။ သေနတ်တွေ ဘာတွေတော့ ပါမလာဘူး။ လောလောဆယ် သူ့ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်” ဟု ရေးဘီလူးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တပ်သား ကျော်ဇင်ဖြိုး စစ်ကိုင်းတိုင်၊ ဝန်းသိုမြို့နယ်ကဖြစ်ပြီး ရန်ကုန်တွင် အလုပ်လာလုပ်စဉ် စစ်မှုထမ်းရန်အတွက် […]