ပေါင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ ဇနီးဖြစ်သူ ဒဏ်ရာရ
Dawei Watch
February 26, 2025မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ညောကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့သည် ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းက နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံပြီး အုပ်ချုပ်ရေးမှူးဖြစ်သူ သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက် ၆ နာရီခွဲဝန်းကျင်က ညောင်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ဇနီးဖြစ်သူ ဒေါ်မိငယ်တို့သည် နေအိမ်တွင် ရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လူသုံးဦး ရောက်ရှိလာပြီး ထောက်ခံစာပြုလုပ်မည်ဟုဆိုကာ နေအိမ်ခြံဝင်းထဲ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ နေအိမ်ခြံဝင်းထဲ ဝင်ရောက်လာပြီးနောက် သေနတ်ဖြင့် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ကို ပစ်ခတ်ခဲ့ကြောင်း အနီးအနားရှိ ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ “အုပ်ချုပ်ရေးမှူးကတော့ သေဆုံးသွားတယ်။ သူ့ဇနီး မမိငယ်ကလည်း ထိသွားတယ်။ (သေနတ်သမားတွေ) သူတို့က ဘာကြောင့် ဒီလိုလုပ်သွားလဲတော့ မသိဘူး။ […]