BREAKING
February 23, 2025

ပြည်တွင်းသတင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယာယီသမ္မတရာထူးယူ

Dawei Watch

July 22, 2024

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယာယီသမ္မတ ရာထူးကို ရယူလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက တင်မြှောက်ထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေ ဆိုးရွားသဖြင့် ဆေးခွင့်ယူထားရကြောင်း ထုတ်ပြန်ပြီး လေးရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတရာထူးကို ရယူလိုက်ခြင်းဖြစ်သည်။ ဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရား ဆောင်ရွက်ရန် ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတ တာဝန်လစ်ဟင်းနေစဉ် ကာလ တို့တွင် စစ်ကောင်စီခေါင်းဆောင်ထံသို့ ယာယီသမ္မတရုံးက တာဝန်လွှဲအပ်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် ယနေ့ ဇူလိုင်လ ၂၂ ရက်တွင် ယာယီသမ္မတ ရာထူးကို လက်မှတ်ထိုးရယူလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။ အာဏာသိမ်းကာလ ငါးကြိမ်မြောက် သက်တမ်းတိုးမှုမှာ ဇူလိုင်လကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ယင်းသို့ မကုန်ဆုံးမီ ရက်ပိုင်းအလိုတွင် ယာယီသမ္မတ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 20, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁၄ ရက်မှ ၂၀ ရက်အထိ မန္တလေးတိုင်းမှာ ပထမဆုံးသိမ်းယူတဲ့မြို့နယ်ဖြစ်လာတဲ့ စဥ့်ကူး စဥ့်ကူးမြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူတဲ့ မန္တလေးတိုင်းထဲက ပထမဆုံးမြို့နယ်ဖြစ်လာပါတယ်။ စဥ့်ကူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ စဥ့်ကူးမြို့တို့ကို ဇူလိုင်လ ၁၇ ရက်နေ့မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တာလို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇူလိုင်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဖမ်းဆီးရမိသလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။ စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်တာကြောင့် မြို့ဧရိယာနဲ့ လူနေအိမ် အများအပြားဟာလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ စဥ့်ကူးမြို့ဟာ မန္တလေးမြို့နဲ့ မိုင် […]

စဉ့်ကူးမြို့နယ်ကို MDY-PDF သိမ်းပိုက်၊ မန္တလေးတိုင်းတွင် ပထမဆုံးသိမ်းယူသည့် မြို့ဖြစ်လာ

Dawei Watch

July 20, 2024

စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း အားလုံးကိုသိမ်းယူကာ မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး မန္တလေးတိုင်းတွင် ပထမဆုံး သိမ်းယူနိုင်သည့် မြို့နယ်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ယနေ့ ဇူလိုင်လ ၂၀ရက်တွင် ကြေညာသည်။ စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများနှင့် စဉ့်ကူးမြို့တို့ကို ဇူလိုင်လ ၁၇ ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။ အဆိုပါ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့သောကြောင့် မြို့နေဧရိယာများ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။ စဉ့်ကူးမြို့မှာ မန္တလေးမြို့နှင့် မိုင် ၅၀ ကျော်အကွာတွင် တည်ရှိသည်။ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေး ပူးပါင်းတပ်တို့က […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 13, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်အထိ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးစွန့်ဖို့ တရုတ်ပြော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာစွန့်ပြီး ရွေးကောက်ပွဲအတွက် လမ်းဖွင့်ပေးနိုင်မယ့် ကြားဖြတ်အစိုးရတစ်ရပ်ကို ဖွဲ့ဖို့ တရုတ်အစိုးရက ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာသမ္မတဟောင်းဦးသိန်းစိန်နဲ့ ပေကျင်းမှာ တွေ့ဆုံချိန် အခုလို ဖျောင်းဖျပေးဖို့ ပြောဆိုလိုက်တာလို့ စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနက ဇူလိုင်လ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။ သမ္မတဟောင်းဦးသိန်းစိန်ဟာ ဇွန်လကုန်ပိုင်းက တရုတ်ကို သွားရောက်ခဲ့ပြီး ဇူလိုင်လ ၆ရက်နေ့မှာတော့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။ […]

ရန်ကုန်တွင် ဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်၊ တစ်ရက်အတွင်း လူတစ်ရာကျော်ဆေးရုံတက်ရ

Dawei Watch

July 11, 2024

ရန်ကုန်တိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး ၂၄ နာရီအတွင်း အဆိုပါရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသရသည့် တစ်ရာကျော်ရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ဇူလိုင်လ ၉ရက် ည ၆နာရီမှ ဇူလိုင်လ ၁၀ ရက် ည ၆နာရီအထိ ၂၄ နာရီအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသရသည့် လူနာသစ် ၁၁၅ဦးရှိပြီး ယင်းအနက် ၂၂ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ သူများဖြစ်ကြောင်း ဖော်ပြသည်။ ယင်းမတိုင်မီ ဇူလိုင်လ ၉ရက် နံနက် ၆နာရီမှ ည ၆နာရီအထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသရသူ ၆၄ဦးရှိခဲ့ပြီး ယင်းအနက် ခုနစ်ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသူများဖြစ်ကြောင်း ဖော်ပြသည်။ ဇူလိုင်လ ၈ရက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရသူ ၆၀ဦးရှိခဲ့ပြီး ယင်းအနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော […]

နောင်ချိုမြို့ကို တအာင်းတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ သိမ်းယူ

Dawei Watch

July 11, 2024

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်စတင်ပြီးနောက် ပထမဆုံးမြို့အဖြစ် နောင်ချိုမြို့ကို တအာင်းတပ်မတော် (TNLA) နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF ပူးပေါင်းတပ်ဖွဲတို့က သိမ်းယူနိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်စတင်ပြီး ၁၆ ရက်မြောက်တွင် နောင်ချိုမြို့၌ နောက်ဆုံးကျန်ရှိသည့် ဒုံးတပ်ရင်း ၆၀၆ ကို ဇူလိုင်လ ၁၀ ရက် မွန်းလွဲပိုင်းတွင် သိမ်းယူပြီး မြို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ နောင်ချိုမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီလုံးဝ ကင်းစင်သော မြို့နယ်တစ်ခု ဖြစ်လာပြီဖြစ်ကြောင်းလည်း MDY-PDF က ယနေ့ ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်သည်။ နောင်ချိုမြို့နယ်ရှိ ခြေမြန်တပ်ရင်း ခမရ (၁၁၄) ၊ ခမရ (၁၁၅) […]

တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာရုံးပိတ်ရက်အဖြစ် စစ်ကောင်စီသတ်မှတ်

Dawei Watch

July 9, 2024

တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာအများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်တွင် ထည့်သွင်း သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီက ဇူလိုင်လ ၈ရက်နေ့တွင် ထုတ်ပြန်သည်။ တရုတ်နှစ်သစ်ကူးနေ့ကို ဒေသတွင်း အာဆီယံနိုင်ငံများနည်းတူ၊ အချို့သော ကမ္ဘာ့နိုင်ငံများနည်းတူ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း ဆိုသည်။ အိမ်နီးချင်းမိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေသည့်အနေဖြင့် ယင်းသို့သတ်မှတ်ထားခြင်းဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။ နိုင်ငံတကာ နှစ်သစ်ကူးနေ့ဖြစ်သည့် ဇန်နဝါရီ ၁ ရက်ကိုလည်း အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် စစ်ကောင်စီက ထည့်သွင်းသတ်မှတ်ထားသည်။ ၂၀၂၃နှင့် ၂၀၂၄ ခုနှစ်တို့တွင် ရန်ကုန်၌ ကျင်းပသည့် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်အခမ်းအနားများသို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်လာစဉ် တရုတ်သံအမတ်ကြီးက တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက […]

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပိတ်ဆို့ထိုးစစ်ဆင်နေပြီး သံတွဲမြို့သိမ်းတိုက်ပွဲအပြင်းထန်ဆုံးရောက်နေဟု AA ပြော

Dawei Watch

July 8, 2024

ရခိုင်ပြည်နယ် အမ်းမြို့တွင်အခြေစိုက်သည့် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ကာ ထိုးစစ်ဆင်နေပြီး သံတွဲမြို့သိမ်းတိုက်ပွဲမှာလည်း အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအချိန်ဖြစ်နေကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။ သံတွဲလေဆိပ်နှင့် သံတွဲအခြေစိုက် ခြေမြန်တပ်ရင်း ၅၆၆၊ အမ်းမြို့ရှိ တောဟိန်းတောင်ဗျူဟာ၊ မောင်တောမြို့နယ်ရှိ အမှတ် (၂) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ) တို့ကို သိမ်းယူထိန်းချုပ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ရခိုင်တွင် တပ်ရင်း၊ ဗျူဟာ၊ စကခ (၅) ဌာနချုပ်၊ နခခ စခန်းများ၊ နပခဌာနချုပ်များအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက် နေကြောင်း AA က ဆိုသည်။ စကခ (၅) တောင်ကုတ်ဌာနချုပ်၊ စစ်တွေ (ဒကစ) ဌာနချုပ်နှင့် ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီ ရေတပ်ဌာနချုပ်တို့ကို ဖြတ်တောက်ပိတ်ဆို့ပြီး စခန်းအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းလည်း ဖော်ပြသည်။ […]