BREAKING
April 2, 2025

ပြည်တွင်းသတင်း

ပေါင်တွင် လေဆင်နှာမောင်းတိုက်၍ အိမ် ၉၀ ကျော် ပျက်စီး

diz_admin

May 24, 2022

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ယနေ့ (မေ ၂၄) နေ့လယ်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်သဖြင့် ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ် ၉၀ ကျော် ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံနှင့် လူမှုကယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ယနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က အလှပ်ကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်ခြင်းဖြစ်ပြီး လုံးဝ ပြိုကျပျက်စီးသွားသည့် အိမ်များလည်း ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ “ထိခိုက်သွားတဲ့အိမ် ၉၀ ကျော်တယ်။ လုံးဝ ပျက်စီးသွားတဲ့ အိမ်ကတော့ ၃ လုံးလောက်ရှိတယ်။ တော်တော်အခြေအနေဆိုးတယ်” ဟု ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နေအိမ်အများစုသည် အမိုးလန်၊ အမိုးပေါက်၊ သွပ်ပြားလွင့်စင်၊ အိမ်ထက်ဝက်တစ်ပျက် ပါသွားသည့်အပြင် တစ်အိမ်လုံး ယိုင်သွားသည်လည်း ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ […]

လောင်းလုံး ကျောက်နီမော်ရွာဒေသခံ‌လေးဦး အဖမ်းခံရ၊ တစ်ဦးပြန်လွတ်

diz_admin

May 24, 2022

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ ဒေသခံလေးဦး အဖမ်းခံရပြီး တစ်ဦး ပြန်လည် လွတ်မြောက်လာကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မေလ ၂၃ ရက်က ဦးကျော်စိုးနှင့် ဒေါ်မကမ်းသားဆိုသူနှစ်ဦး အဖမ်းခံခဲ့ရပြီး ယနေ့ (မေ ၂၄) ရက်တွင်မူ ဒေါ်အင်ကြူနှင့် ဒေါ်စန်းမဲဆိုသူနှစ်ဦး ထပ်မံအဖမ်းရကြောင်း ဒေသခံအချို့က ပြောသည်။ ဒေါ်စန်းမဲမှာ နံနက်ပိုင်း ဖမ်းဆီးခံရပြီး မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။ “တကယ်က အခုဖမ်းခံရတဲ့သူတွေမှာ နိုင်ငံရေးလုပ်ဖူးတဲ့သူ တစ်ယောက်မှ မပါဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ကျောက်နီမော်ရွာခံ လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင်များက ‌ဦးဆောင်ကာ လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး မည်သည့်အတွက် လာရောက်ဖမ်းဆီးသည်ကိုမူ တိတိကျကျ မသိရကြောင်း ဒေသခံအချို့က ပြောသည်။ “ဘာဖြစ်လို့ဖမ်းတယ်ဆိုတာတော့ မသိရဘူး။ လူမူရေးကိစ္စကြောင့် ဖြစ်မယ်ထင်တယ်။ သူတို့နဲ့ (ပျူစောထီးအဖွဲ့ဝင်) […]


ထားဝယ်မြို့ ကမ်းနားဈေးတွင် ဈေးသည်အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံး

diz_admin

May 24, 2022

ထားဝယ်မြို့၊ ကမ်းနားဈေးတွင် ယနေ့ (မေ ၂၄) နံနက် ၉ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားပြီး အသက် ၆၀ကျော်အရွယ် ဈေးသည် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း မြို့ခံအချို့က ပြောသည်။ သေဆုံးသူ အမျိုးသမီးမှာ အသက် ၆၀ ကျော်ခန့်ရှိ ဒေါ်ညွန့်လှိုင်ဖြစ်ပြီး ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက် ကာစတန်ဘက်ခြမ်းတွင် နေထိုင်သူဖြစ်ကြောင်း ကြက်စားပြင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။ “ပစ်ခံရတာ ကိုအောင်ခိုင်ရဲ့ အမေလို့ပြောတယ်။ သူ့သားက PDF က။ အဲဒါကြောင့် ပျူစောထီးအဖွဲ့က သူ့အမေကို သတ်တာလိုလိုလည်း ပြောနေကြတယ်” ဟု အဆိုပါအမျိုးသမီးက ပြောဆိုသည်။ ၎င်းမှာ ကမ်းနားဈေးအနောက်ဘက်ခြမ်း ကားလမ်းမအနီးတွင် ငါးရောင်းနေသူတစ်ဦးဖြစ်ပြီး သေနတ်သံ နှစ်ချက်ကြားလိုက်ရသော်လည်း မည်သူတို့က ပစ်ခတ်ခဲ့သည်ကို အတိအကျ မသိလိုက်ကြောင်း ဈေးသည်အချို့က ပြောသည်။ “သေနတ်သံ နှစ်ချက်ကြား […]

ဖမ်းဆီးခံ ပုလောဒေသခံခြောက်ဦး ၁၀ ရက်ကြာသည်အထိ ပြန်မလွတ်သေး

diz_admin

May 24, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်က ဖမ်းဆီးခံထားရသည့် ဒေသခံခြောက်ဦး ၁၀ ရက်ကြာသည်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာ ရွာထိပ်အနီးတွင် နေထိုင်ကြသည့် နေအိမ်များမှ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားခြောက်ဦးကို စစ်ကောင်စီတပ်က မေလ ၁၅ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မင်းထိန်ရွာသားများက ပြောသည်။ “(စစ်ကောင်စီတပ်) လာတာတော့ အေးအေးဆေးဆေးပဲ။ စကားတွေဘာတွေ ပြောလိုက်သေးတယ်။ ပြီးမှ ခေါ်သွားကြတာ” ဟု မင်းထိန်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ကိုဖိုးနီ၊ ကိုနောင်နီ၊ ကိုဖိုးချစ်၊ ကိုနိုင်ကြီး အပါအဝင် အမျိုးသား ခြောက်ဦးကို ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ရွာသားများက ပြောသည်။ “သူတို့ (စစ်ကောင်စီတပ်က) ဘာမှ မလုပ်ဘူးလို့တော့ ပြောတယ်။ အဝတ်အစားတွေ […]

ရေခူရှားပါးလာသဖြင့် ဈေးတက်

diz_admin

May 23, 2022

မြိတ်ပင်လယ်ပြင်အတွင်း Jellyfish ခေါ် ရေခူ ရှားပါးလာပြီး ဈေးနှုန်းလည်း ယခင် ၂နှစ်ကထက် နှစ်ဆကျော်မြင့်တက်လာကြောင်း ရေခူလုပ်ငန်းလုပ်ကိုင်ကြသူများထံမှ သိရသည်။ ယခင် ၂ နှစ်ခန့်က ရေခူအခြောက်တစ်ပိဿာ ကျပ် လေးထောင်ဝန်းကျင်ရှိခဲ့ရာမှ လက်ရှိတွင် တစ်ပိဿာ ကျပ်တစ်သောင်းအထိ ဈေးမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခင်က ကီလိုတစ်ရာဆန့် ရေခူအခြောက် ဝါလတ်တစ်ပုံးလျှင် တစ်သိန်းခွဲဝန်းကျင်ခန့်ဈေးရှိရာမှလက်ရှိတွင် ကျပ်သုံးသိန်းခွဲခန့်အထိ ဈေးပေါက်လျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ “ရေခူတွေက ဟိုးအရင်လို ဖောဖောသီသီ မရတော့ဘူး။ ဈေးလည်းတအားမြင့်လာတယ်” ဟု မြိတ်မြို့မှ ရေခူဝယ်ယူရောင်းချသူ ဈေးသည်တစ်ဦးက ပြောသည်။ ရေခူများသည် ယခင်က ၂ နှစ်ခန့်တစ်ကြိမ် ပင်လယ်ပြင်တွင် ပေါ်လေ့ရှိပြီး ယခုအခါ အနည်းအကျဉ်းသာ ပေါ်တော့ကြောင်း ကျွန်းစုမြို့နယ်၊ မော်ခေါင်းတုန်းကျေးရွာနေ ရေလုပ်ငန်းရှင် ကိုရဲက […]

မုဒုံ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်ဟောင်းနေအိမ် ဗုံးပေါက်

diz_admin

May 22, 2022

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်မြင့်၏ နေအိမ်တွင် ယနေ့ (မေ ၂၂) ဗုံးပေါက်ကွဲကြောင်း မြို့ခံတို့ထံမှ သိရသည်။ မုဒုံမြို့ မော်လမြိုင်-သံဖြူဇရပ်လမ်းမရှိ ဦးအောင်မြင့်နေအိမ်၌ ဖွင့်လှစ်ထားသည့် ကောင်းထက် မိတ္တူဆိုင်တွင် ယနေ့ မွန်းလွဲ ၂ နာရီခန့်က ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပေါက်ကွဲမှုကြောင့် ဦးအောင်မြင့်နှင့် အခြားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နေအိမ် အစိတ်အပိုင်း အချို့လည်း ထိခိုက်ပျက်စီးကြောင်း မြို့ခံများထံမှ သိရသည်။ “အိမ်က လမ်မဘေးမှာပဲ။ မိတ္တူဆိုင်ပါ တွဲဖွင့်ထားတာ။ ပေါက်ကွဲမှုကြောင့် ဦးအောင်မြင့်တော့ ဒဏ်ရာရတယ်။ ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်” ဟု ၎င်းမိသားစုနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။ ဦးအောင်မြင့်၏ နေအိမ်ကို ၎င်းတို့အဖွဲ့က အနီးကပ်ဝင်ရောက်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း Mudon […]

ထိုင်းထီ ဘတ်ခြောက်သန်းပေါက်သည့်အိမ် ဓားပြတိုက်ခံရ

diz_admin

May 22, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်က ထိုင်းထီပထမဆု ဘတ်ခြောက်သန်း (ကျပ်သိန်း ၃၀၀၀ ကျော်) ပေါက်သည့် နေအိမ် မေလ ၁၇ ရက်နေ့က ဓားပြတိုက်ခံရကြောင်း ဒေသခံအချို့ထံမှသိရသည်။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်က ဒေသခံတစ်ဦးသည် ဧပြီလ ၁ ရက်က ဖွင့်လှစ်သည့် ထိုင်းထီတွင် ပထမဆုပေါက်ခဲ့သည်။ အဆိုပါ ဒေသခံ၏ နေအိမ် ဓားပြတိုက်ခံရခြင်းဖြစ်ပြီး ရွှေနှင့် ငွေကြေး ကျပ်သိန်းတစ်ရာကျော် ပါသွားကြောင်း ၎င်းနှင့် တစ်ရွာတည်းနေသည့် ဒေသခံတစ်ဦးက ပြောသည်။ “မနက် ငါးနာရီလောက်မှာ လာတိုက်သွားတာ။ အိမ်နီးချင်းတွေတောင် ဘယ်သူမှ မသိလိုက်ကြဘူး။ သေနတ်တွေလည်း ပစ်ဖောက်သွားကြသေးတယ်” ဟု အဆိုပါဒေသခံတစ်ဦးက ပြောဆိုသည်။ ဓားပြတိုက်ခံရချိန်တွင် နေအိမ်တွင် ထီပေါက်သူတို့ ဇနီးမောင်နှံ၊ ဆယ်နှစ်အရွယ်နှင့် ငါးနှစ်အရွယ် ကလေးနှစ်ဦး ရှိနေခဲ့ကြောင်း ဒေသခံအချို့က […]

မုန်တိုင်းကြောင့် မွန်တွင် တစ်ဦးသေ၊ နေအိမ်အဆောက်အအုံ ရာချီပျက်စီး

diz_admin

May 21, 2022

မွန်ပြည်နယ်ကို ဖြတ်သန်းတိုက်ခိုက်သော မုန်တိုင်းငယ်ကြောင့် လူ ၁ ဦးသေဆုံးပြီး နေအိမ် အဆောက်အအုံရာနှင့်ချီ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ တို့ထံမှ သိရသည်။ မေလ ၂၀ ရက်နေ့က မော်လမြိုင်မြို့ကို ဦးတည်တိုက်ခတ်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် မိုးသက်လေပြင်း ကျရောက်ခဲ့သည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်ကြောင့် မော်လမြိုင် မုပွန်ရပ်ကွက်ရှိ အရက်ချက်စက်ရုံ ခေါင်တိုင် ပြိုကျပိမိပြီး လူတစ်ဦးသေဆုံးကာ တစ်ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ”မနေ့က တိုက်သွားတဲ့လေပြင်းကြောင့် မော်လမြိုင်မှာ တစ်ဦးသေဆုံးသွားတယ် တစ်ဦး ဒဏ်ရာရတယ်” ဟု လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် မော်လမြိုင်၊ ပေါင်၊ ကျိုက်မရော၊ သထုံ၊ ချောင်းဆုံနှင့် မုဒုံမြို့နယ်တို့တွင် လူနေအိမ်၊ အဆောက်အအုံရာနှင့်ချီ ထိခိုက်ပျက်စီးသွားသည့်အပြင် […]