BREAKING
February 23, 2025

ပြည်တွင်းသတင်း

မတ္တရာတွင် စစ်ကောင်စီတပ်စခန်း ၃၅ခုကို သိမ်းယူထားကြောင်း MDY-PDF ပြော

Dawei Watch

July 31, 2024

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၃၅ခုကို သိမ်းယူထားပြီးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်သည်။ ငါးလုံးပြွန်ကျေးရွာ တပ်စခန်း၊ တောင်ကန်ကျေးရွာ တပ်စခန်း၊ အောင်သပြေကျေးရွာ တပ်စခန်း၊ အောင်သပြေကားကွင်း တပ်စခန်း၊ မြို့ကုန်းရွာ တပ်စခန်း၊ ထန်းပင်ကုန်းရွာ တပ်စခန်းနှင့် ဘိုကုန်းရွာ တပ်စခန်းတို့ကို ထပ်မံ သိမ်းယူရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ MDY-PDF ဇူလိုင်လ ၁၆ရက်က မတ္တရာမြို့နယ် စစ်ရေးသတင်းထုတ်ပြန်ရာတွင် စစ်ကောင်စီတပ်စခန်း ၂၈ ခု သိမ်းယူထားသည်ဟု ဖော်ပြခဲ့သဖြင့် ယင်းနောက်ပိုင်းတွင် အထက်ပါ စခန်း ခုနစ်ကို ထပ်မံသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။ မတ္တရာမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်းလည်း ဆိုသည်။ အမျိုးသားညီညွတ်ရေးအစိုးရ […]

အရေးပေါ်ကာလ ၆လ ထပ်တိုးရန် စစ်ခေါင်းဆောင် ကိုယ်တိုင်အဆိုပြုပြီး ကိုယ်တိုင်ဆုံးဖြတ်

Dawei Watch

July 31, 2024

အရေးပေါ်ကာလကို ခြောက်ကြိမ်မြောက်အဖြစ် ထပ်မံခြောက်လသက်တမ်း တိုးလိုက်ကြောင်း နိုင်ငံ၏ထိပ်ပိုင်းရာထူးများကို တစ်ဦးတည်း ရယူထားသည့် စစ်ခေါင်းဆောင်က ကြေညာလိုက်သည်။ ကာလုံဟုခေါ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် ကျင်းပကာ သက်တမ်း ထပ်တိုးလိုက်ခြင်း ဖြစ်သည်။ သမ္မတက ဦးဆောင်ခေါ်ယူကျင်းပရသည့် ကာလုံအစည်းအဝေးကို အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်က ဒုသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတတင်မြှောက်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် တင်မြှောက်ခဲ့သည့် သမ္မတ၊ ဒုသမ္မတ သုံးဦးစလုံး မပါဝင်ဘဲ ကျင်းပခြင်း ဖြစ်သည်။ ယင်းအပြင် ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေကြောင့် တာဝန်လွှဲပြောင်းသည်ဆိုကာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတရာထူး ရယူပြီးနောက် ပထမဆုံးအကြိမ် ကာလုံအစည်းအဝေး ခေါ်ယူခြင်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ယာယီသမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ စစ်ကောင်စီဥက္ကဋ္ဌ၊ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 27, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်အထိ လားရှိုး ရမခနဲ့ မိုးကုတ်မြို့ကို မြောက်ပိုင်းအဖွဲ့နဲ့ပူးပေါင်းတပ်တွေသိမ်းယူ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နဲ့ ပတ္တမြားမြေ မိုးကုတ်မြို့တို့ကို မြောက်ပိုင်းမဟာမိတ် တပ်တွေနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူလိုက်ပါတယ်။ ရက်ပေါင်း ၂၀ကျော် တိုက်ခိုက်ပြီးနောက် လားရှိုး ရမခကို ဇူလိုင် ၂၅ ရက် မနက်မှာ သိမ်းယူနိုင်ခဲ့တာလို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။ လားရှိုးမြို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို ရယူထားပြီလို့ဆိုပြီး မြို့ထဲမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို လိုက်လံ ရှင်းလင်းနေတယ်လို့လည်း ကြေညာထားပါတယ်။ လားရှိုး ရမခကို သိမ်းယူတာဟာ အာဏာသိမ်းပြီးနောက်မှာ တိုင်းစစ်ဌာနချုပ်တစ်ခုကို ပထမဆုံးအကြိမ် […]

လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် သိမ်းယူ

Dawei Watch

July 25, 2024

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၄နာရီတွင် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။ စတင်တိုက်ခိုက်ပြီး ၂၃ ရက်အကြာတွင် လားရှိုးမြို့ လုံးဝလွတ်မြောက်ပြီဖြစ်ပြီး တော်လှန်ရေးလှုပ်ရှားမှု၏ သမိုးဝင် အောင်ပွဲတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လားရှိုးတွင် ပစ်ခတ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဒေသတွင်းနှင့် ပြည်တွင်း သတင်းအချို့တွင် ဖော်ပြသည်။ လားရှိုး ရမခကို သိမ်းယူခြင်းမှာ တိုင်းစစ်ဌာနချုပ်တစ်ခုကို ပထမဆုံးအကြိမ် သိမ်းယူနိုင်ခြင်းလည်း ဖြစ်လာသည်။ ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်စတင်ပြီးနောက် နောင်ချို၊ မိုးကုတ်မြို့တို့ကို တအာင်းတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့က သိမ်းယူနိုင်ခဲ့ပြီး စဉ့်ကူးမြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်တို့က သိမ်းယူထားသည်။ Photo […]

မိုးကုတ်မြို့ကို တအာင်းတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ထိန်းချုပ်

Dawei Watch

July 24, 2024

မန္တလေးတိုင်း မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းယူပြီး မြို့ကို ထိန်းချုပ်ထားကြောင်း တအာင်းတပ်မတော် (TNLA) က ယနေ့ ဇူလိုင်လ ၂၄ရက်တွင် ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေးတစ်ကျော့ပြန်စတင်သည့် ၃၀ ရက်မြောက်နေ့ဖြစ်သော ယနေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၅နာရီတွင် မိုးကောင်းမြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးကို သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မိုးကုတ်မြို့ကို တအာင်းတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မိုးကုတ်ဗျူဟာ) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တို့ ပူးပေါင်းတပ်တို့က ဇွန်လ နောက်ဆုံးပတ်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းနှင့် ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။ ယနေ့တွင် မိုးမိတ်မြို့ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းတစ်ခုဖြစ်သည့် မိုးမိတ်ဗျူဟာကုန်းကိုလည်း တိုက်ခိုက်ခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ […]

ကျိုက်ထိုတွင် လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

Dawei Watch

July 23, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် နှစ်ဖက်ပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က သိမ်ဇရပ်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထိုပစ်ခတ်မှုအတွင်း သိမ်ဇရပ်နယ်မြေရဲစခန်းအနီး ရွာလေးပိုင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးအနီးတွင် လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းသို့ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၄ နှစ်အရွယ် ဦးကိုလေး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဦးကိုလေး၏ဇနီး ဒေါ်ကြည်ကြည်ဝင်းနှင့်အိမ်နီးနားချင်း ဒေါ်ရင်ဝေလွင်တို့နှစ်ဦးလည် ကျည်စထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ “ဘယ်ကနေ ပစ်လာမှန်းမသိတဲ့ လက်နက်ကြီးတစ်လုံးက ဦးကိုလေးအိမ်နားမှာ ကျသွားတယ်။ လက်နက်ကြီးထိပြီး ဦးကိုလေးကတော့ ဆုံးသွားတယ်။ […]

လားရှိုးတွင် ဒုဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော်လက်နက်ချ

Dawei Watch

July 23, 2024

ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ဒုတိယဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးငါးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော် လက်နက်ချကြောင်း ကိုးကန့်တပ် MNDAA က ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။ လားရှိုးတစ်ဝိုက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁၇ ဦးသည် ဇူလိုင်လ ၂၁ ရက် နံနက်တွင် လက်နက်ချခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ စစ်ကောင်စီကို ပြန်တိုက်ရန် ကိုးကန့်တပ်တွင် ပါဝင်လိုသည်ဟုဆိုကာ လက်နက်ချလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ၎င်းတို့ကိုMNDAA နိုင်ငံရေးဌာန၏ ရှေ့တန်းလုပ်ငန်းအဖွဲ့က လက်ခံခဲ့ကြောင်း ဆိုသည်။ လက်နက်ချသူများ၏ လုံခြုံရေးကို အာမခံပြီး ထုတ်ပြန်ထားသည့် ဆုကြေးမူဝါဒ ဆုချီးမြှင့်မည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချချိန်တွင် ကိုးကန့်တပ် ရှေ့တန်းလုပ်ငန်းအဖွဲ့နှင့် တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ စစ်ကျောင်းတစ်ကျောင်းတွင် လက်နက်ခဲယမ်း […]

စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၅၄၀၀ နီးပါးရှိလာကြောင်း အမေရိကန်သံရုံးထုတ်ပြန်

Dawei Watch

July 23, 2024

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ လူ ၅,၄၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကွပ်မျက်မှု ၂ နှစ်ပြည့် မြောက်မှုနှင့် ပတ်သက်၍ ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ပြန်ရာ၌ အထက်ပါတိုင်း ဖော်ပြခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်ကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားသည့် အမေရိကန်သံရုံးရှိ ကျဆုံးသူများ အမှတ်တရအထိမ်းအမှတ်နေရာတွင် ယနေ့အထိ ကျောက်တုံးပေါင်း ၅,၄၀၀ နီးပါးကို ထားရှိခဲ့ပြီးဖြစ်ကြောင်း ဖော်ပြသည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှစတင်ပြီး တစ်ဟုန်ထိုးမြင့်တက်လာသည့် မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံးအတွက် ပူဆွေးသောကရောက်ရကြောင်းလည်း ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်က ထုတ်ပြန်ရာတွင် […]