တစ်ပတ်အတွင်း မြန်မာ့ရေးရာ
diz_admin
June 3, 2022မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch (မေ ၂၈ – ဇွန် ၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ထပ်တောင်းသည့် “ဝ” အဖွဲ့ စစ်ကောင်စီခေါင်းဆောင်နှင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ မေလ ၂၉ ရက်နှင့် မေလ ၃ဝရက်တို့တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ပြီး ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်’ ပေးရန် ဝ လက်နက်ကိုင်အဖွဲ့က ထပ်မံတောင်းဆိုခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် သံတမန်ရေးရာကလွဲ၍ ကျန်သည့်ကိစ္စများအားလုံး ကိုယ်ပိုင်စီမံအုပ်ချုပ်သွားမည် ဖြစ်ကြောင်းလည်း ‘ဝ’ အဖွဲ့က ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံးဝပြုလုပ်မည် မဟုတ်ကြောင်း၊ လက်ရှိနိုင်ငံတွင်း နေရာအနှံ့အများတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများမှာ ဗမာတိုင်းရင်းသားများ အရေးသာဖြစ်၍ ဘယ်ဘက်ကိုမှ ဘက်လိုက်မည်မဟုတ်ကြောင်းလည်း […]