ပုလော မြို့မျက်နှာဖုံးလုပ်ငန်းရှင်တစ်ဦးနှင့် ဒေသခံတစ်ဦးတို့ အဖမ်းခံရ
diz_admin
May 30, 2022မြိတ်ခရိုင်၊ ပုလောမြို့နယ် မြို့မျက်နှာဖုံး ရော်ဘာခြံလုပ်ငန်းရှင်တစ်ဦးနှင့် မင်းထိန်ရွာက ဒေသခံတစ်ဦး တို့ကို စစ်ကောင်စီတပ်က ယနေ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (မေ ၃၀) မွန်းလွဲပိုင်းက ပဝတ်ကုန်းရွာတွင်နေထိုင်သည့် ရော်ဘာဥယျာဉ်ခြံလုပ်ငန်းရှင် ဦးမောင်ညိုအိမ်သို့ စစ်ကောင်စီတပ်သားများ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ “ဒီကနေ့ ညနေ ၃ နာရီလောက်မှာ ကားရော လူပါခေါ်သွားတယ်။ ဘာကြောင့် ခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး” ဟု ပဝတ်ကုန်းရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ဦးမောင်ညိုသည် ပလစက်တော်ရာဘုရားဂေါပက ဥက္ကဋ္ဌလည်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ဦးမောင်ညိုလိုလူ အဖမ်းခံရမယ်လို့တော့ မထင်ဘူး။ ခြံထဲက သူ့အလုပ်သမားတွေအကြောင်း မေးမြန်းဖို့ပဲ ခေါ်သွားတယ်လို့ ထင်တယ်” ဟု ပဝတ်ကုန်းရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ၎င်းသည် မြို့မျက်နှာဖုံးတစ်ဦးဖြစ်သည့်အပြင် […]