ဆင်ဖြူတိုင် ရပ်ကျေးစာရေး လောင်းလုံးတွင် ပစ်သတ်ခံရ
diz_admin
May 18, 2022လောင်းလုံးမြို့နယ် ခမောင်းတောင်ကျေးရွာနှင့် တောင်မင်းပြောင်ရွာကြားတွင် မေ ၁၇ ညနေ သုံးနာရီခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးနေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။ သေဆုံးသူမှာ ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆင်ဖြူတိုင်ကျေးရွာ ရပ်ကျေး စာရေးဖြစ်သူ ဦးဝေစိုးဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးဝေစိုးသည် ဇနီးဖြစ်သူနှင့် ဆိုင်ကယ်အတူစီးလာစဉ် ယင်းကျေးရွာ နှစ်ရွာကြားတွင် ဆိုင်စီးလူနှစ်ယောက် လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံအချို့ ဆိုသည်။ “ရွာနဲ့ဝေးတယ်။ တံတားနားမှာဆိုတော့ သေနတ်သံက မကြားဘူး။ သူဇနီး ထွက်ပြေးလာပြီး ရွာထိပ်မှာ (ရွာသားတွေကို လာအကူအညီတောင်း) လာခေါ်တော့မှ သိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဦးဝေစိုးသည် စစ်ကောင်စီအား သတင်းပေးဖြစ်ပြီး CDM ဝန်ထမ်များအား ခြိမ်းခြောက်ဖိနှိပ်သည်ဟု […]