တိုက်ပွဲပိုပြင်းထန်လာမည်ကို သထုံဒေသခံများစိုးရိမ်
diz_admin
June 11, 2022မွန်ပြည်နယ် သထုံခရိုင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေဘက်တွင် စစ်ရေးတင်းမာ နေသောကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ကြောင်း ယင်းနေရာက ဒေသခံများက ပြောသည်။ KNU တပ်မဟာ (၁) နယ်မြေ သထုံနှင့် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေး ပိုမိုတင်းမာလာနေသည့်အနေအထားရှိသည်။ ယင်းနေရာအတွင်း ဇွန် ၁ ရက်နေ့ကစပြီး ပစ်ခတ်မှုများ ဆက်တိုက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ “သေနတ်သံတွေလည်း နေ့တိုင်းကြားနေရတယ်။ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာမှာ စိုးရိမ်တယ်။ အခုလည်း တချို့ဆို ထွက်ပြေးနေကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ရေးတင်းမာနေသည့် အခြေအနေကြောင့် ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် […]