ဝန်ခံကတိထိုး၍ အလုပ်ပြန်ဝင်ရန် CDM ဆရာ၊ ဆရာမများကို ထပ်မံခေါ်ယူ
diz_admin
June 8, 2022သင်ကြားရေးဆရာ အင်အားမလုံလောက်သဖြင့် CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ဆရာဆရာမများ အလုပ်ပြန်ဝင်နိုင်မည့် အယူခံဝင်ရက်ကို ဇွန်လ ၁၄ ရက်အထိ ထပ်မံတိုးမြင့်လိုက်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ဇွန်လ ၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ၂၀၂၂ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျောင်သား ၅ သန်းကျော် ကျောင်းအပ်နှံထားကြောင်း ကြေညာပြီးနောက် သင်ကြားရေးဆရာဆရာမများ လိုအပ်လျက်ရှိနေသဖြင့် ပြန်လည်ဝင်ရောက်ကြရန် ၃ ကြိမ်အထိ ခေါ်ယူခြင်းဖြစ်သည်။ ဆရာအင်အား မလုံလောက်သဖြင့် အသက် ၆၀ ပြည့်ပြီးသော ဆရာ/ဆရာမကြီးများကို လည်း ပင်စင်ယူခွင့်မပြုဘဲ ဆက်လက်တာဝန်ထမ်းဆောင်ခိုင်းကြောင်း အသက် ၆၀ ကျော် ဆရာမတစ်ဦးကဆိုသည်။ စစ်ကောင်စီက ပထမအကြိမ်အဖြစ် မေလ ၃၁ ရက်နေ့မတိုင်ခင် CDM ဆရာဆရာမများ အယူခံဝင်နိုင်ကြောင်း ကြေညာခဲ့သော်လည်း ဆက်သွယ်သူဦးရေ ၂၄၈၂ ဦးသာ ရှိခဲ့သဖြင့် ဇွန်လ […]