တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နှစ်ထောင်ကျော်အောင်၊ ရှစ်ရာကျော်ဂုဏ်ထူးထွက်
diz_admin
June 17, 2022တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ နှစ်ထောင်ကျော် အောင်မြင်သည့် အနက် ရှစ်ရာကျော်မှာ ဂုဏ်ထူးထွက်ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ (ဇွန် ၁၇) ထုတ်ပြန်လိုက်ပြီး တနင်္သာရီတိုင်းတွင် စာမေးပွဲဖြေဆိုသူ လေးထောင်ကျော် (၄၃၅၉ ဦး) ရှိသည့်အနက် နှစ်ထောင်ကျော် (၂၀၀၃ ဦး) အောင်မြင်ခြင်းဖြစ်သည်။ အောင်ချက်ရာခိုင်နှုန်းမှာ ၄၅ ဒသမ ၉၅ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ၂၀၀၃ ဦးအနက် ၈၀၈ ဦး ဂုဏ်ထူးထွက်ပြီး မြိတ်မြို့နယ်နှင့် သရက်ချောင်း မြို့နယ်က ခြောက်ဘာသာဂုဏ်ထူးထွက်သူ နှစ်ဦးရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။ ၁ ဘာသာဂုဏ်ထူးထွက်သူ ၆၄၆ ဦး၊ ၂ ဘာသာဂုဏ်ထူးထွက်သူ ၉၂ […]