လောင်းလုံး တီဇစ်ရွာသားငါးဦး ဖမ်းဆီးခေါ်ဆောင်ခံရ
diz_admin
June 21, 2022လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာမှ ရွာသားငါးဦးကို ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က စစ်သင်္ဘောဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းမှစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကုန်းကြောင်း၊ ရေကြောင်း ပူးပေါင်း၍ အင်အား ခုနှစ်ဆယ်ခန့်ဖြင့် ယင်းကျေးရွာအား စစ်ကြောင်းထိုးရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ရှာဖွေရာ ဇွန်လ ၂၀ ရက်နေ့အထိ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် အများစုကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ ဖမ်းဆီးခေါ်ဆောင်ခံရသူတို့မှာ အသက် ၄၀ အရွယ်များဖြစ်သည့် ဦးဆန်း၊ ဦးရွှေဦး၊ ဦးမောင်ကျော်၊ ဒေါ်ဖွားသိန်းနှင့် ၎င်း၏သမီးဖြစ်သူ အသက် ၁၈နှစ်အရွယ် မဂန္ဓာတို့ဖြစ်ကြောင်း ဒေသခံများ၏ […]