လောင်းလုံး ကြက်ယက်တွင်းရွာအနီးတွင် စစ်ကောင်စီတပ်ကား ပစ်ခတ်ခံရ
diz_admin
May 28, 2022လောင်းလုံးမြိုနယ် ဟင်းချိုတောရွာနှင့် ကြက်ယက်တွင်းကျေးရွာကြားတွင် ယနေ့ (မေ ၂၈) နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ကား ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ကျောက်နီမော်ရွာဖက်မှ ထားဝယ်ဖက်သို့ မောင်းနှင်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားနှစ်စီး နေ့လယ် ၁၂ ကျော်က ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းကားနှစ်စီးသည် ကြက်ယက်တွင်းရွာ စာသင်ကျောင်းသို့ မရောက်မီ ပစ်ခတ်တိုက်ခိုက်ခံလိုက်ရပြီးနောက် နာရီဝက်နီးပါးကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပထမ လက်နက်ငယ်သံ ဆယ်ချက်လောက်ကြားရတယ်။ ခဏတိတ်ပြီး လက်နက်ကြီးသံတစ်ချက်နဲ့ လက်နက်ငယ်သံ ဆယ်ချက်လောက် ထပ်ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။ ပစ်ခတ်မှု ဖြစ်ပြီးနောက်တွင် စစ်ကောင်စီတပ်ကားနှစ်စီး လောင်းလုံးမြို့ဖက်သို့ မောင်းထွက်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ကားနှစ်စီးလုံး အရှိန်ပြင်းပြင်းမောင်းပြီး လောင်းလုံးဖက် တက်လာတယ်” ဟု […]