ပုလောအရှေ့ခြမ်းရှိ ရွာတစ်ဆယ်ကျော် ဆန်နှင့် စက်သုံးဆီ သယ်ခွင့်ကန့်သတ်ခံရ
diz_admin
June 2, 2022မြိတ်ခရိုင်၊ ပုလောမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာတစ်ဆယ်ကျော်သို့ ဆန်၊ စက်သုံးဆီနှင့် စားသုံးဆီများ သယ်ယူခွင့် စစ်ကောင်စီတပ်ဖွဲ့က ကန့်သတ်ထားကြောင်း ဒေသခံများက ပြောသည်။ နန်းတောင်ကျေးရွာအုပ်စု၊ ပုလောကုန်းကျေးရွာအုပ်စုနှင့် ရေရှမ်းကျေးရွာအုပ်စုများရှိ ရွာပေါင်း တစ်ဆယ် ကျော်ကို ပြီးခဲ့သည့် တစ်ပတ်ကျော်မှစတင်ပြီး ကန့်သတ်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းကျေးရွာများသို့ သွားသည့် ပုလောမြို့လမ်းခွဲ နန်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ဖွင့်ကာ ကုန်စည်များကို ရှာဖွေစစ်ဆေးလျှက်ရှိကြောင်း ဒေသခံများက ပြောပြသည်။ “ပေးတော့ ပေးသယ်တယ်။ အများကြီးသယ်လို့တော့ မရဘူး” ဟု ပုလောကုန်းကျေးရွာအုပ်စု၊ ကျောင်းနိမ့်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းကျေးရွာများရှိ အိမ်ထောင်စုတစ်စုလျှင် ဆန် ၁၀ ပြည်၊ စက်သုံးဆီ ၅လီတာသာ သယ်ယူခွင့်ရပြီး စားသုံးဆီကိုလည်း သုံးလီတာသာ သယ်ခွင့်ရကြောင်း ဟုနန်းတောင်ကျေးရွာအုပ်စု၊ ဂျက်ဂါရွာနေ အမျိုးသား […]