ဒူးရင်းသီးဈေး လေးဆနီးပါးကျဆင်း
diz_admin
May 27, 2022မြိတ်ခရိုင်အတွင်းမှ ဒူးရင်းသီးများ လှိုင်လှိုင်ထွက်လာပြီးနောက် ဈေးနှုန်း လေးဆနီးပါး ကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဒူးရင်းသီးစပေါ်ချိန် မတ်လတွင် အလုံးကြီးတစ်လုံး တစ်သောင်းခွဲမှ ကျပ်နှစ်သောင်းအထိ ရောင်းချခဲ့ရပြီး လက်ရှိအချိန်တွင် အမြင့်ဆုံးဈေး ကျပ်လေးထောင်၊ ငါးထောင်သာ ဈေးရတော့ကြောင်း ဒူးရင်းသီး ဝယ်ယူရောင်းချသူများက ပြောသည်။ အလားတူ ကျပ်ငါးထောင်မှ ခြောက်ထောင်အထိ ဈေးဖြင့် ရောင်းချခဲ့သည့် ဒူးရင်းသီး အငယ်တစ်လုံးလျှင် လည်း လက်ရှိတွင် တစ်လုံး ကျပ်တစ်ထောင်၊ နှစ်လုံး တစ်ထောင့်ငါးရာကျပ်သာ ဈေးရတော့ကြောင်း ဒူးရင်းသီးဝယ်ယူရောင်းချသူများက ဆိုသည်။ “နေရာအစုံက ထွက်လာရင် ဒီလိုပဲ ဈေးကျလိုက်လာတာ ထုံးစံပဲ” ဟု မြိတ်မြို့နေ ဒူးရင်းသီးရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ဒူးရင်းသီးများသည် မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိပြီး ကျွန်းစုမြို့နယ်မှလည်း အများအပြား ထွက်ရှိကြသည်။ […]