မြိတ်-ကော့သောင်းလမ်း အစစ်အဆေးတင်းကျပ်
diz_admin
June 17, 2022မြိတ်ဖက် – ကော့သောင်းလမ်းတွင် ခရီးသည်တင်ကားများကို ယခုရက်ပိုင်းအတွင်း အစစ်အဆေးတင်းကျပ် နေကြောင်း ယာဉ်မောင်းများနှင့် ခရီးသည်များထံမှ သိရသည်။ မြိတ်မှ ကော့သောင်းသို့သွားနေသည့် ခရီးသည်တင်ကားများကို ပသောင်းတံတား ကြေးနန်းတိုင်ဂိတ်၊ တနင်္သာရီတံတား၊ ချောင်းလမု၊ လေညာ၊ ဘုတ်ပြင်းစသည့် ဂိတ်များတွင် တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း ၎င်းတို့က ပြောသည်။ “စာရင်းရထားတဲ့ လူတွေကို ရှာသလို စစ်နေတဲ့ ပုံစံရှိတယ်။ လေညာမှာတော့ (စစ်ဆေးတာ) အကြမ်းဆုံးပဲ” ဟု ကားသမားတစ်ဦးက ပြောသည်။ အာဏာသိမ်းပြီးနောက် ကိုဗစ်ဆေးလက်မှတ်ကိုသာ အဓိကထား စစ်ဆေးနေရာမှ ယခုရက်ပိုင်းအတွင်း နိုင်ငံသား စိစစ်ရေးကတ်ကို အဓိကထား စစ်ဆေးနေကြောင်း ကားသမားအချို့က ပြောဆိုသည်။ နိုင်ငံသားစိစစ်ရေးကတ်ပါ ဓာတ်ပုံနှင့် ခရီးသည်မျက်နှာကို တိုက်ဆိုင်စစ်ဆေးပြီး နှာခေါင်းစည်း တပ်ထားသူများ ဆိုလျှင် နှာခေါင်းစည်း ချွတ်ခိုင်းကြောင်း […]