တစ်ပတ်အတွင်း မြန်မာ့ရေးရာ
diz_admin
December 3, 2022မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ သေဒဏ်ချခံရသူ ၁၄၀ နီးပါးရှိလာ၊ သေဒဏ်ချခြင်းရပ်ရန် ကုလလူ့အခွင့်အရေးမင်းကြီးပြော အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုကြောင့် ဖမ်းဆီးခံရသူတစ်သောင်းကျော်အနက် ၁၃၉ ဦးမှာ သေဒဏ်ချမှတ် ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရသည်။ နိုဝင်ဘာလ ၃ဝရက် မတိုင်ခင်အထိ သေဒဏ်ချမှတ်ခံထားရသူ ၁၂၈ဦးရှိပြီး နိုဝင်ဘာလ ၃ဝရက်တွင် တက္ကသိုလ် ကျောင်းသားခုနစ်ဦးအပါအဝင် လူငယ် ၁၁ဦးကို သေဒဏ်ချမှတ်လိုက်သဖြင့် စုစုပေါင်း ၁၃၉ ဦးအထိ ရှိလာသည်။ ယင်းအနက် မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ ၄၂ဦးရှိကြောင်း AAPP ၏ စာရင်းအရ သိရသည်။ ၂၂ လတာ […]