ကဒတ်ဥစျေး ၃ ဆခန့်မြင့်တက်
diz_admin
June 30, 2022ထားဝယ်တွင်လူကြိုက်များပြီး ဟင်းချိုချက်စားရသော ကဒတ်ဥများ စျေးတက်နေပြီး ယခင်ကထက် ၃ ဆခန့်စျေးပေးဝယ်နေရကြောင်း ဒေသခံများက ပြောသည်။ ကဒက်ဥတစ်ချောင်း ယခင်က အသေးအကြီးလိုက် ၍ သုံးရာကျပ်မှ ငါးရာကျပ်အထိ ပေးဝယ်နေရာမှာ ယခုနှစ်တွင် ယခင်က သုံးရာကျပ် ပေးဝယ်ရသော တစ်လက်မအချင်း အရှည် တစ်ပေခွဲခန့်ရှိသော ကဒက်ဥတစ်ချောင်းကို ကျပ်ရှစ်ရာခန့် အထိ ပေးဝယ်ခဲ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “မနေ့က ဟင်းချိုချက်မလို့ ပေါ်ဦးပေါ်ဖြားဆိုတော့ ဈေးမှာသွားကြည့်တယ်။ အသေးတစ်ချောင်း ရှစ်ရာတောင် ခေါ်တယ် ဈေးပွဲ(စျေးသိမ်း)ခါနီးမို့ ငါးရာကျပ်ပေးပြီး ဝယ်ခဲ့ရတယ်”ဟု ၎င်းကပြောသည်။ ယခုနှစ် ဇွန်လ ဒုတိယအပတ်မှစပြီး လောင်းလုံးမြို့နယ် တောတောင်တစ်လျှောက်တွင် ပစ်ခတ်မှုများ ဖြစ်နေသောကြောင့် ကဒတ်ဥ ရှာဖွေကြသူနည်းပါးကြောင်း လောင်းလုံးမြို့နယ်မှ ဈေးသည်တစ်ဦးက ပြောသည်။ “မနှစ်က ဒီအချိန်ဆိုပေါမှပေါ အခုကတောထဲမဝင်ရဲကြတော့ မနှစ်က […]