ဘီးလင်း NLDပါတီဥက္ကဋ္ဌ၏ ရုပ်အလောင်းပြန်တွေ့
diz_admin
July 6, 2022စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၏ ရုပ်အလောင်းကို ယနေ့ (ဇူလိုင် ၆) ပြန်တွေ့ကြောင်း ၎င်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဦးကျော်မျိုးမင်းသည် ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်၊ ရွာသားတစ်ဦးတို့နှင့်အတူ ဇွန်လ ၂၂ ရက်နေ့တွင် သွားလာနေစဉ် လယ်ကတဲကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ရွာသားတစ်ဦးမှာ ယင်းနေရာတွင်ပင် သေဆုံးသွားပြီး ဦးကျော်မျိုးမင်းနှင့် ပါတီဝင်နှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ဖမ်းဆီးခံရပြီး ၁၀ ရက်အကြာ ဇူလိုင် ၂ ရက်နေ့တွင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့နှစ်ဦး သတ်ဖြတ်မြှုပ်နှံခံထားရသည်ကို ဘီးလင်းမြို့နယ် ကြိုးဝိုင်းကျေးရွာအနီးတွင် ပြန်လည်တွေ့ရှိခဲ့သည်။ ဦးကျော်မျိုးမင်း အလောင်းကိုတော့ ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့နှစ်ဦး၏ ရုပ်အလောင်း တွေ့သည့် […]