BREAKING
February 24, 2025

ပြည်တွင်းသတင်း

ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 27, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိကျောင်းကျေးရွာမှ ဦးကျော်နိုင်ဦးဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ၎င်းသည် ကျောက်မိကျောင်းရွာနှင့် ကျုံလောင်းရွာဟောင်းလမ်းဆုံနေရာတွင် စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၃၀ အရွယ် ဦးကျော်နိုင်ဦးသည် ခြံအလုပ်လုပ်ကိုင်နေသည့်အပြင် ကွမ်းသီးအရောင်းအဝယ် ပြုလုပ်နေသူ တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “သိသလောက်ကတော့ သူက ကွမ်းသီးအရောင်းအဝယ်လုပ်တယ်။ ခြံလုပ်တယ်။ အခု ဒလန်ဆိုပြီး အသတ်ခံရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးကျော်နိုင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထုတ်ပြန်ထားသည်။ ၎င်းသည် ကွမ်းသီးရောင်းဝယ်ရင်း စစ်ကောင်စီကို သတင်းပေးနေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ရေးမြို့နယ်အတွင်း၌ စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုသူများကို ဒေသတွင်းလှုပ်ရှားနေသည့် […]

မွန်တွင် လက်ကျန်ဆားနည်းသဖြင့် ဆားကြမ်းဈေးမြင့်တက်

diz_admin

September 27, 2022

မွန်ပြည်နယ်တွင် လက်ကျန် ဆားနည်းပါးလာသည့်အတွက် ဆားဈေးမြင့်တက်လာကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ဆားထုတ်လုပ်ရာသီတွင် မိုးဖျက်၍ ဆားအထွက်နည်းခဲ့ခြင်းကြောင့် လက်ကျန်ဆားနည်းပါးလာကာ ဆားဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်မှ ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။ ဆားထုတ်လုပ်ရာသီအစဖြစ်သည့် ဇန်နဝါရီလခန့်က ဆားကြမ်းတစ်ပိဿာဈေး ကျပ် ၈၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိတွင် ဆားကြမ်းတစ်ပိဿာဈေး ကျပ် ၂၇၀ အထက်ရှိနေကြောင်း ဆားဈေးကွက်ထံမှ သိရသည်။ “ဆားထွက်တဲ့အချိန်မှာ မိုးဖျက်တော့ ဆားအထွက်နည်းတယ်။ အခု လက်ကျန်ဆားနည်းသွားတော့ ဈေးက ၂၇၀ လောက်ဖြစ်သွားတယ်” ဟု ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောဆိုသည်။ ယမန်နှစ် ယခုလိုကာလမျိုးတွင်မူ ဆားကြမ်းဈေးတစ်ပိဿာ ၁၃၅ ကျပ်ခန့်သာရှိကြောင်း ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။ လက်ရှိတွင် ဆားဈေးကောင်းရရှိနေသော်လည်း ဆားအသစ်ထွက်သည့်အချိန်တွင် ဈေးပြန်ကျသွားနိုင်သည်ဟုလည်း ဆားလုပ်ငန်းရှင်တို့က ခန့်မှန်းထားသည်။ “ဆားထွက်တဲ့အချိန်ကျရင် […]

ကျိုက်ထိုတွင် ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံး

diz_admin

September 26, 2022

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့က ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ သိမ်ဇရပ်မြို့ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သည့် ဦးအေးလွင်နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းတို့ကို အမည်မသိ သေနတ်သမားတို့က စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က နေအိမ်သို့ လာရောက်ပစ်ခတ်သွား ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းသည် ဦးခေါင်းတွင် ရရှိသည့် ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးအေးလွင်ကမူ ဒဏ်ရာရရှိသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “သူတို့ လင်မယား အိမ်မှာရှိနေတဲ့အချိန်မှာပဲ သေနတ်သမားတွေက ကားနဲ့ ရောက်လာပြီးတော့ ဝင်ပစ်သွားတယ်။ နှစ်ယောက်စလုံးကို ပစ်သွားတာ” ဟု ၎င်းတို့ […]

ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 25, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာက ရွာသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကလော့ကျေးရွာသား ရော်ဘာခြံလုပ်ကိုင်သည့် အသက် ၃၅နှစ်အရွယ် ဦးနိုင်ဦးဆိုသူသည် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန့်က ပစ်ခတ်ခံရခြင်းကြောင်း ဒေသခံများထံမှ သိရသည်။ ဦးနိုင်ဦးသည် ရော်ဘာခြံသို့အသွားလမ်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ပစ်ခတ်ပြီးနောက် အလောင်းကို ရွာထိပ်တွင် ထားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ မသင်္ကာတွေ့ရှိသဖြင့် ပစ်ခတ်မိခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးခဲ့သည်ဟုလည်း ဒေသခံအချို့၏ ပြန်လည်ပြောပြချက်အရ သိရသည်။   “ရော်ဘာခြံသွားတဲ့လမ်းမှာ အပစ်ခံရတယ်။ ပြီးတော့ သူတို့ (စစ်တပ်) က ရွာထိပ်မှာ လာထားသွားတယ်” ဟု ကလော့ရွာမှ ဒေသခံတစ်ဦးက […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

September 24, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကုလအတွင်းရေးမှူးချုပ် အပြင်းအထန်ရှုတ်ချသည့် လက်ယက်ကုန်းဖြစ်ရပ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းအား စစ်ကောင်စီတပ် လေကြောင်းဖြင့် ပစ်ခတ်သောကြောင့် ကလေးငယ် ၁၁ဦး အပါအဝင် ၁၃ဦးထက်မနည်း သေဆုံးခဲ့သည့်ဖြစ်ရပ်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်က အပြင်းအထန်ကန့်ကွက်ရှုတ်ချလိုက်သည်။ အတွင်းရေးမှူးချုပ်၏ ပြောဆိုချက်ကို ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မြန်မာက စက်တင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။ စာသင်ကျောင်းနှင့် ဆေးရုံများမှာ လက်နက်ကိုင်ပဋိပက္ခများအတွင်းမှာပင် ဘေးကင်းလုံခြုံသည့် နေရာဖြစ်ရမည် ဖြစ်ပြီး စာသင်ကျောင်းကို တိုက်ခိုက်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ၎င်းက […]

သထုံခရိုင်တွင် နေအိမ် ၁ဝလုံး ချိတ်ပိတ်ခံရ

diz_admin

September 22, 2022

မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦး၏ နေအိမ်အပါအဝင် ဒေသခံနေအိမ် ၁၀ လုံး ယခုရက်ပိုင်းအတွင်း ဆက်တိုက်ချိတ်ပိတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ သထုံခရိုင် ဘီးလင်းမြို့နယ် အလူးကျေးရွာရှိ NLD ပါတီဝင် ဒေါ်အေးသီတာမြင့် နေအိမ်ကို စက်တင်ဘာလ ၂၀ ရက်က စစ်ကောင်စီအဖွဲ့တို့က လာရောက် ချိတ်ပိတ်ခဲ့ကြောင်း ‌ဒေသခံတို့ထံမှ သိရသည်။ “အဲဒီအိမ်မှာက လူမရှိနေဘူး။ သူတို့ မနေတာကြာနေပြီ” ဟု NLD ပါတီနှင့်နီးစပ်သည့် ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။ ယင်းပြင် ဘီးလင်းမြို့ ကန်သာယာရပ်ကွက်ရှိ ဦးမုတ်ဆိတ်ဆိုသူ၏ နေအိမ်နှင့် ဇုတ်သုတ်ကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးထိုက်ဆိုသူ၏ နေအိမ်တို့ကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း ဒေသခံများထံ မေးမြန်းချက်အရ သိရသည်။ အထက်ပါ နေအိမ်နှစ်လုံးတွင်လည်း လူမနေထိုင်တော့ဘဲ မိသားစုဝင်များ […]

လမိုင်းမြို့ နယ်ထိန်းရဲ ပစ်သတ်ခံရ

diz_admin

September 21, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ နယ်ထိန်းရဲ ယနေ့ (စက်တင်ဘာ ၂၁) မွန်းလွဲပိုင်းက ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လမိုင်းမြို့ နယ်ထိန်းရဲ ဒုရဲအုပ် အောင်ကျော်မင်း ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မြို့ခံအချိုက ပြောသည်။ အဆိုပါနယ်ထိန်းရဲသည် လမိုင်းမြို့နယ် မော့ကနင်းကျေးရွာတွင် ရောက်ရှိနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ပစ်ခတ်ခံရတာက မော့ကနင်က ကားပြင်ဆိုင်မှာလို့ သိရတယ်။ သေနတ်ဒဏ်ရာတွေနဲ့ ပစ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ လမိုင်းမြို့ နယ်ထိန်းရဲကို သေနတ်ဖြင့် ၁၆ ချက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ၎င်းသည် ဩဂုတ်လ ၃ ရက်နေ့က လမိုင်း ပရဟိတလူငယ် […]

တိပိဋကယောဆရာတော်ကြီး တည်ထောင်ထားသော မေတ္တာဆေးရုံ ရှာဖွေစီးနင်းခံရ

diz_admin

September 18, 2022

တိပိဋကယောဆရာတော်ကြီး၏ မွေးဖွားရာဇာတိ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လက်ပန်ရွာတွင်ဖွင့်လှစ်ထားသော ” တိပိဋကမေတ္တာဆေးရုံ ” ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း မျက်မြင်တွေ့သူ ဒေသခံများကဆိုသည်။ စက်တင်ဘာလ ၅ ရက်နေ့မနက် ၉ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ စစ်သား ၁၅ ယောက်ခန့်က အရပ်ဝတ်များဝတ်ပြီး မြင်းဇာရွာမှလမ်းပြ ၂ ယောက်နှင့်အတူ ရွာအဝင်ကတည်းက လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဆေးရုံထဲကို ဝင်လာကြကြောင်း ၎င်းကဆိုသည်။ ဆေးရုံရောက်သောအခါ ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများကို စုထိုင်ခိုင်းပြီး ဖုန်းများကို သိမ်းယူ၍ ဆေးခန်းအတွင်းကို အသေးစိတ်ဝင်ရှာကြပြီး ရွှေ၊ ငွေများကို ယူသွားကြကြောင်း၊ PDF များကို ဆေးမကုပေးရဟုဆိုကာ လက်မှတ်ထိုးခိုင်းကြောင်း ၎င်းကဆိုသည်။ ဆရာတော်ကြီးမှာ ယင်းသတင်းကို ကြားသဖြင့် မျက်နှာမကောင်းဖြစ်နေပြီး မေတ္တာပို့၊ သစ္စာဆိုရန်သာ မိန့်ဆိုကြောင်း […]