မွန်တွင် ကိုဗစ်ကူးစက်သေဆုံးမှုမြင့်တက်လာ
diz_admin
October 26, 2022မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု များပြားလာပြီး သေဆုံးမှုလည်းရှိလာကြောင်း မြို့နယ်ကျန်းမာရေး တာဝန်ရှိသူ အချို့နှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ ပြည်နယ်အတွင်း၌ စက်တင်ဘာလမှစတင်ကာ ကိုဗစ်ကူးစက်မှု ပြန်လည်တွေ့ရှိလာပြီး အောက်တိုဘာလတွင် ကူးစက်မှု ပိုမိုများပြားလာကြောင်း ၎င်းတို့ထံမှ သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ စက်တင်ဘာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၃၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ခြောက်ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးတာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ အောက်တိုဘာလတွင်မူ ၂၃ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ ၉၂၁ ဦးရှိပြီး သေဆုံးမှုလည်း ၁၀ ဦးကျော်ရှိကြောင်း ၎င်းတို့က ပြောသည်။ ရောဂါကူးစက်ခံရသူ အများစုသည် ရောဂါအခံရှိသူနှင့် ကိုဗစ်ကာကွယ်ဆေး မထိုးထားသူများ၊ ကာကွယ်ဆေး အပြည့် မထိုးထားသူများဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးတာဝန်ရှိသူတို့ထံမှ သိရသည်။ “ကိုဗစ်ကူးစက်မှုက စက်တင်ဘာ၊ […]