လောင်းလုံး ကရင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ
diz_admin
November 16, 2022လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးရွာက ဒေသခံအမျိုးသားတစ်ဦးသည် နိုဝင်ဘာလ ၁၅ ရက်က ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၃၅ နှစ်အရွယ်ရှိ ဦးထွန်းထွန်းနိုင်ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၅ရက် နံနက်က သဘော့ဆိပ်နှင့် ကျောက်ဆင်ရွာကြားလမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဖြစ်တာကတော့ မနက်စောစော ခြောက်နာရီကျော်လောက်ရှိမယ်။ သေနတ်သံတွေ လေးငါးချက်ကြားရတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါအမျိုးသားကို Dawei Defense Team-DDT တပ်ခွဲ (၃) (ထားဝယ်-ပကဖ) ၊ Dawei Guerrilla Revolutionary Force-DGRF (ထားဝယ်-ပကဖ) နှင့် Launglone People Defence Force-LLPDF (လောင်းလုံး-ပကဖ) အဖွဲ့တို့ ပူးပေါင်း၍ ရှင်းလင်းခဲ့ကြောင်း […]