စစ်ကောင်စီလေယာဉ် စက်ချို့ယွင်းပြီး ထားဝယ်က လယ်ကွင်းအတွင်းထိုးဆင်း
diz_admin
November 19, 2022မြိတ်မြို့မှ မှော်ဘီလေတပ်စစ်ခန်းသို့ အုပ်စုဖွဲ့ ပျံသန်းလာသော လေယာဉ်တစ်စီး ယနေ့ နံနက်ပိုင်းတွင် စက်ချို့ယွင်းကာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ လယ်ကွင်းတစ်ခု အတွင်း ထိုးဆင်းသွားခဲ့သည်။ စုစုပေါင်း လေယာဉ် ၇ စီးဖြင့် သုံးအုပ်စုခွဲ ပျံသန်းလာသော လေယာဉ်အုပ်စုတွင် တစ်စီးမှာ စက်သေသွားခဲ့ပြီး သရက်ချောင်းမြို့နယ် ကျွဲစပ်ရွာအနီး လယ်ကွင်းအတွင်း အရေးပေါ် ထိုးဆင်းသွားခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် လေယာဉ်မှူးနှင့် နောက်လိုက်တစ်ဦး ပါရှိသည်။ “နှစ်ယောက်စလုံး ဘာမှ မဖြစ်ဘူး၊ လေယာဉ် တောင်ပံ ပဲ့သွားတာလောက်ပဲ လို့ပြောတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လေယာဉ်ထိုးဆင်းချိန်တွင် တစ်အုပ်စုတည်း ပျံသန်းလာသော အခြားလေယာဉ် နှစ်စီးက ဝေဟင်မှ ဝဲပျံစောင့်ကြည့်နေကြောင်း ဒေသခံများထံမှ သိရသည်။ လေယာဉ်မှာ PT6 အမျိုးအစား ပန်ကာတပ် […]