တနင်္သာရီ မော်တုံးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများထွက်ပြေးနေရ
diz_admin
November 14, 2022မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အနောက်မော်တုံးရွာတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၅ နာရီခွဲဝန်းကျင်မှစတင်ပြီး အနောက်မော်တုံးကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲများဖြစ်နေပြီး ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့က ပြောသည်။ “ဝေလီဝေလင်း ၅ နာရီလောက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေကြတာ။ အခုထိလည်း လက်နက်ကြီးနဲ့ ပစ်နေကြတုန်းပဲ” ဟု အနောက်မော်တုန်းကျေးရွာအနီးရှိ ပဝကျေးရွာနေ အမျိုးသားတစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီက ပြောသည်။ တနင်္သာရီမြို့သို့ သွားသည့် ပြည်ထောင်စုလမ်းမကြီးနှင့် မော်တုံးရွာဝင်သည့် လမ်းဆုံတွင်အနီးတွင် စစ်ကောင်စီ အမြှောက်တပ်ရင်းရှိကာ ယင်းအနီးတွင် ဖြစ်ပွားနေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အနောက်မော်တုံးရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများက ဆိုသည်။ […]