BREAKING
February 24, 2025

ပြည်တွင်းသတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

December 24, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြန်မာ့အရေးဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီ အတည်ပြုနိုင်ခဲ့ပြီ မြန်မာ့အရေးဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၇၄ နှစ်အတွင်း ပထမဆုံးအကြိမ် သဘောတူဆုံးဖြတ် အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ဗြိတန်အစိုးရက ဦးဆောင်ကာ တင်သွင်းထားသည့် မြန်မာ့အရေး ဆုံးဖြတ်ချက်အဆိုပြုမူကြမ်းကို ဒီဇင်ဘာလ ၂၁ ရက်တွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူ မရှိ အတည်ပြုနိုင်ခဲ့သည်။ တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့က ကြားနေခဲ့ပြီး ကျန်အဖွဲ့ဝင်နိုင်ငံများက ထောက်ခံမဲပေးခဲ့ကြခြင်း ဖြစ်သည်။ ဗီတိုအာဏာသုံးကန့်ကွက်လေ့ရှိသည့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်၊ ရုရှားနိုင်ငံတို့က ယခုတစ်ကြိမ်တွင် မကန့်ကွက်ခဲ့ခြင်းမှာ ထူးခြားသည်။ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

December 18, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကုလတွင် ကိုယ်စားပြုခွင့်ဆုံးရှုံးသွားသည့် စစ်ကောင်စီ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ကန့်ကွက်နိုင်ငံမရှိ အတည်ပြုလက်ခံလိုက်ပြီဖြစ်သည်။ ကုလသမဂ္ဂကိုယ်စားလှယ် အရည်အချင်းစိစစ်ရေးကော်မတီ (Credentials Committee) က ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အမည်စာရင်း တင်သွင်းထားခြင်းဖြစ်ပြီး ယင်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ (General Assembly)က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဆုံးဖြတ်ရာ ကန့်ကွက်သည့်နိုင်ငံမရှိဘဲ လက်ခံလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီက ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် ဆုံးရှုံးသွားပြီဖြစ်သည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂတွင် ထုတ်ဖော်ပြောဆို […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

December 10, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ အစုလိုက်သတ်ဖြတ်မှု အဆိုးဆုံးနိုင်ငံစာရင်းဝင် မြန်မာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရနိုင်သည့် အန္တရာယ်အရှိဆုံးထိပ်ဆုံးနိုင်ငံ သုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာသည်။ အမေရိကန်ပြည်ထောင်စုအခြေစိုက် လူမျိုးတုံးသတ်ဖြတ်မှုမှတ်တမ်းပြတိုက်ဖြစ်သည့် Holocaust Memorial Museum ၏ Early Warning Project ၂၀၂၂-၂၀၂၃ ခုနှစ် အစုလိုက်အပြုံလိုက်သတ်မှုခံရမှု အန္တရာယ် အကဲဖြတ်ချက် အစီရင်ခံစာတွင် ဖော်ပြသည်။ ယင်းစာရင်းထိပ်ဆုံးတွင် ပါကစ္စတန်နိုင်ငံဖြစ်ပြီး ဒုတိယနေရာတွင် ယီမင်ဖြစ်ကာ တတိယနေရာတွင် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားထောင်နှင့်ချီသေဆုံးခဲ့သည့် မြန်မာနိုင်ငံက တတိယနေရာတွင် ရှိနေသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ လက်နက်ကိုင်တော်လှန်သည်ဟု သံသယဖြင့် အရပ်သားများကို အစုလိုက် […]

ဝေဖန်ခံနေရသော ညောင်ခါးရှည် စစ်ဆေးရေးဂိတ် စစ်ဆေးမှုများဖြေလျှော့

diz_admin

December 6, 2022

အချိန်ကြာမြင့်စွာ စစ်ဆေးမှုကြောင့် ဝေဖန်ခံနေရသည့် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းကြားက ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများ ဖြေလျှော့ပေးလိုက်သဖြင့် ယခင်လို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစရာမလိုတော့ကြောင်း ခရီးသည်များနှင့် ယာဉ်မောင်းများထံမှသိရသည်။ ယခင်က ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ ပိတ်ဆို့နေ၍ နာရီပေါင်းများစွာ စောင့်ဆိုင်းရသည့် ညောင်ခါးရှည် ခေါ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ဒီဇင်ဘာလ ပထမပတ်မှစပြီး ပုံမှန်နီးပါးအတိုင်း ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ခရီးသည်တင်းကား မောင်းသူများ၏ပြောဆိုချက်အရသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့ကစပြီး ရန်ကုန်မော်လာမြိုင်၊ထားဝယ်၊မြိတ်၊‌ ကော့သောင်း ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများသည် အဆိုပါစစ်ဆေးရေးဂိတ်တွင် ရန်ကုန်အသွားတစ်ကြောင်းသာ စစ်ဆေးခံရသည့်အတွက်ကြောင့် ညအိပ်စရာမလိုတော့ဘဲ ယခင်ကအတိုင်း ရန်ကုန်နေချင်းရောက်သွားနိုင်ပြီဖြစ်သည်ဟု ခရီးသည်တင်ကား‌မောင်းသူ တစ်ဦးကဆိုသည်။ “အခုကတော့ အရင်ကလို ကိုးနာရီဆယ်နာရီ မကြာတော့ဘူး။ အများဆုံးနှစ်နာရီပဲ ကြာတော့တဲ့အတွက် နေချင်းသွားနေချင်း ရောက်နေပြီ”ဟု ၎င်းကပြောသည်။ ယခင်က […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

December 3, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ သေဒဏ်ချခံရသူ ၁၄၀ နီးပါးရှိလာ၊ သေဒဏ်ချခြင်းရပ်ရန် ကုလလူ့အခွင့်အရေးမင်းကြီးပြော အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုကြောင့် ဖမ်းဆီးခံရသူတစ်သောင်းကျော်အနက် ၁၃၉ ဦးမှာ သေဒဏ်ချမှတ် ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရသည်။ နိုဝင်ဘာလ ၃ဝရက် မတိုင်ခင်အထိ သေဒဏ်ချမှတ်ခံထားရသူ ၁၂၈ဦးရှိပြီး နိုဝင်ဘာလ ၃ဝရက်တွင် တက္ကသိုလ် ကျောင်းသားခုနစ်ဦးအပါအဝင် လူငယ် ၁၁ဦးကို သေဒဏ်ချမှတ်လိုက်သဖြင့် စုစုပေါင်း ၁၃၉ ဦးအထိ ရှိလာသည်။ ယင်းအနက် မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ ၄၂ဦးရှိကြောင်း AAPP ၏ စာရင်းအရ သိရသည်။ ၂၂ လတာ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

November 26, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၂၀ ရက်မှ ၂၆ ရက်အထိ လူသတ်မြေမြှုပ်မိုင်း အသုံးပြုမှုများလာ မြန်မာနိုင်ငံတွင် လူသေစေသည့် မြေမြှုပ်မိုင်း Anti-personnel landmine အသုံးပြုမှုများလာကြောင်း မြေမြှုပ်မိုင်းအသုံးပြုမှုတားဆီးရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ (ICBL) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်နှင့်ချီပြီး အသုံးပြုလာသည့် အဆိုပါမြေမြှုပ်မိုင်းများသည် အာဏာသိမ်းပြီးနောက်ပိုင်း အသုံးပြုမှု ပိုများလာသည်ဟု ဆိုသည်။ နှစ်ဆယ်ချီ အသုံးပြုထားခဲ့သည့် မြေမြှုပ်မိုင်းများကြောင့် ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မွန်၊ ရခိုင်၊ တနင်္သာရီတိုင်း တို့တွင် ပေါက်ကွဲသေကြေနိုင်သည့်အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြသည်။ လူသေစေသည့် မြေမြှုပ်မိုင်းများကို ကမ္ဘာတွင် မြန်မာနှင့် ရုရှားနိုင်ငံတို့တွင်သာ အသုံးပြုကြတော့ကြောင်းလည်း အစီရင်ခံစာက […]

တိုက်ပွဲအကြိမ်ရေ ရှစ်ထောင်နားကပ်လာ၊ တရုတ်စီမံကိန်းများအနီးတွင်ဖြစ်ပွားမှု နှစ်ဆတိုးလာဟုဆို

diz_admin

November 25, 2022

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းအနီးဝန်းကျင်နှင့် အနီးတဝိုက် ဆက်စပ်နေရာများတွင် ယခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု နှစ်ဆနီးပါးတိုးလာပြီး အကြိမ်ရေအားဖြင့် ၂၀၀ ထက်မနည်းရှိကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ယနေ့ ထုတ်ပြန်သည်။ အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှ ယခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ မြန်မာနိုင်ငံတွင် တိုက်ပွဲပေါင်း ၇၈၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအနက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် တိုင်းနှင့် ပြည်နယ် ရှစ်ခုက မြို့နယ် ၄၃ ခုတွင် တိုက်ပွဲ ၃၀၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ISP က ဆိုသည်။ တရုတ်စီမံကိန်းများအနီး ဖြစ်ပွားသည့်တိုက်ပွဲများအနက် အကြိမ်ရေ နှစ်ရာထက်မနည်းမှာ ယခုနှစ် အောက်တိုဘာလ အထိ […]

ထိုင်း ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော ကလေးတစ်ဦးအပါအဝင် မြန်မာ ၁၇ ဦး ဖမ်းဆီးခံရ

diz_admin

November 25, 2022

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦးကို နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း ကန်ချနဘူရီသတင်းဌာနတွင် ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသ နောင်းလူရွာတွင် မြန်မာအလုပ်သမားများအား တရားမဝင် တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို စန်ခရာဘူရီခရိုင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ကားပေါ်တွင် ကလေးတစ်ဦးအပါအဝင် မြန်မာအလုပ်သမား အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၇ ဦးနှင့် ထိုင်းနိုင်ငံသား ကားမောင်းသမားတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကား၏ အနောက်ဘက်တွင် အနက်ရောင် ပလတ်စတစ်အပိုင်းအစဖြင့် ဖုံးအုပ်ထားကာ ၎င်းအောက်တွင် မြန်မာအလုပ်သမားများသည် တစ်ဦးပေါ်တစ်ဦးဆင့်၍ အိပ်လျက်အနေအထားဖြင့် လိုက်ပါလာကြခြင်းဖြစ်သည်ဟု ဆိုသည်။ ကျန်မြန်မာအလုပ်သမားများမှာ ကား၏ […]