ငလျင်ကြောင့် သေဆုံးသူ ၂၇၀၀ ကျော်ရှိလာ
Dawei Watch
April 1, 2025မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ၂၇၁၉ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၄၅၂၁ ဦးအထိ မြင့်တက်လာကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ဧပြီလ ၁ရက်တွင် ပြောသည်။ ယင်းအပြင် ပျောက်ဆုံးနေသူ ၄၄၁ ဦးရှိနေကြောင်း ၎င်းက ဆိုသည်။ မတ်လ ၃၁ရက်က စစ်ကောင်စီ ထုတ်ပြန်သည့်စာရင်းတွင် သေဆုံးသူ ၂၀၅၆ ဦး၊ ဒဏ်ရာရသူ ၃၉၀၀ ကျော်ရှိခဲ့ရာ တစ်ရက်အတွင်း သေဆုံးသူဦးရေ ခုနစ်ရာနီးပါးနှင့် ဒဏ်ရာရသူ ခြောက်ရာဝန်းကျင် တိုးလာသည်ကို တွေ့ရသည်။ မတ်လ ၂၈ ရက်က ရစ်(ခ်) တာ စကေး ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်များ ဆက်တိုက်လှုပ်ခတ်နေပြီး ငလျင် […]