တစ်ပတ်အတွင်း မြန်မာ့ရေးရာ
diz_admin
December 10, 2022မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ အစုလိုက်သတ်ဖြတ်မှု အဆိုးဆုံးနိုင်ငံစာရင်းဝင် မြန်မာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရနိုင်သည့် အန္တရာယ်အရှိဆုံးထိပ်ဆုံးနိုင်ငံ သုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာသည်။ အမေရိကန်ပြည်ထောင်စုအခြေစိုက် လူမျိုးတုံးသတ်ဖြတ်မှုမှတ်တမ်းပြတိုက်ဖြစ်သည့် Holocaust Memorial Museum ၏ Early Warning Project ၂၀၂၂-၂၀၂၃ ခုနှစ် အစုလိုက်အပြုံလိုက်သတ်မှုခံရမှု အန္တရာယ် အကဲဖြတ်ချက် အစီရင်ခံစာတွင် ဖော်ပြသည်။ ယင်းစာရင်းထိပ်ဆုံးတွင် ပါကစ္စတန်နိုင်ငံဖြစ်ပြီး ဒုတိယနေရာတွင် ယီမင်ဖြစ်ကာ တတိယနေရာတွင် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားထောင်နှင့်ချီသေဆုံးခဲ့သည့် မြန်မာနိုင်ငံက တတိယနေရာတွင် ရှိနေသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ လက်နက်ကိုင်တော်လှန်သည်ဟု သံသယဖြင့် အရပ်သားများကို အစုလိုက် […]