လောက်ကိုင်မြို့တွင် တိုက်ပွဲပြန်ဖြစ်
Dawei Watch
December 20, 2023တရုတ်ကြားဝင်ညှိနှိုင်းပေးသဖြင့် အပစ်ရပ်ထားသည့် လောက်ကိုင်မြို့တွင် ဒီဇင်ဘာလ ၁၉ရက်မှစတင်ကာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။ ကိုးကန့်ဒေသတွင် ဒီဇင်ဘာလ ၁၀ရက်ညနေပိုင်းမှစတင်ပြီး အပစ်အခတ်ရပ်စဲသွားပြီးနောက် ဒီဇင်ဘာလ ၁၈ရက်ညနေပိုင်းတွင် စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ်ဖြင့် MNDAA ၏ ခံတပ်ကို သုံးကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAA အာဘော် ကိုးကန့်မီဒီယာတွင် ရုပ်သံမှတ်တမ်းနှင့်တကွ ဖော်ပြသည်။ ယင်းအပြင် စစ်ကောင်စီတပ်သည် ကွမ်ရင်ရှမ် (တရုတ်ဘုံကျောင်း) နှင့် ဖီဖာရွှေနေရာမှနေ၍ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြသည်။ ယင်းနောက် ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ် လောက်ရှမ့်ထန်ဒေသ တစ်ကြောတွင် ဒီဇင်ဘာလ ၁၉ရက် နေ့လယ်ပိုင်းမှစတင်ကာ တိုက်ပွဲစတင်ဖြစ်ပွားကြောင်း MNDAA က ဆိုသည်။ တရုတ်ကြားဝင် စေ့စပ်ပေးမှုကြောင့် MNDAA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် […]