ထားဝယ်နှင့် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား ခြောက်ဆယ်ကျော်လွတ်သည်ဟု ကနဦးသိရ
diz_admin
April 17, 2023စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် ထားဝယ်ထောင်နှင့် မြိတ်အကျဉ်းထောင်တို့မှ အကျဉ်းသား၊ အကျဉ်းသူ ၆၃ဦး ပါဝင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ယနေ့ ဧပြီလ ၁၇ ရက်တွင် နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ အကျဉ်သား သုံးထောင်ကျော်ကို ခံဝန်ဖြင့် လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ထိုသို့ လွတ်ငြိမ်းခွင့်ပေးရာတွင် ထားဝယ်အကျဉ်းထောင်မှ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ပြန်လွတ်လာကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “မနက်ကတည်းက လွှတ်လိုက်ပြီလို့ ပြောတယ်။ ဘာအမှုတွေပါလဲတော့ မသိဘူး” ဟု ၎င်းက ပြောသည်။ မြိတ်အကျဉ်းထောင်တွင်လည်း အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး သုံးဦးပြန်လွတ်လာပြီး နိုင်ငံရေးအကျဉ်းသားများ မပါဝင်ကြောင်း ထောင်ကျနေသူတစ်ဦး၏ မိခင်ဖြစ်သူက ဆိုသည်။ […]