ပလက်ဝက ခန်ခတောင်ဗျူဟာနှင့် ပလက်ဝ-ကျောက်တော်အစပ်က မီးဝဗျူဟာတို့ကို AA သိမ်းယူ
Dawei Watch
January 14, 2024ချင်းပြည်နယ် ပလက်ဝမြို့နယ်က ခန်ခတောင်ဗျူဟာစခန်းနှင့် ပလက်ဝ-ကျောက်တော်မြို့နယ်အစပ်က မီးဝဗျူဟာတို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းယူလိုက်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ပူးတွဲထုတ်ပြန်သည်။ ပလက်ဝတွင် လက်ကျန်စခန်းတစ်ခုဖြစ်သည့် ခန်ခတောင်ဗျူဟာစခန်းကို ဇန်နဝါရီလ ၁၃ ရက်တွင် သိမ်းယူနိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း အမြောက်အများ သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ် အစပ်တွင်ရှိသည့် မီးဝဗျူဟာကုန်းကိုလည်း ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းတွင် သိမ်းယူထိန်းချုပ်နိုင်ခဲ့ကြောင်း AA က ဆိုသည်။ ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း ကုလားတန်မြစ်ဘေးတွင်တည်ရှိသည့် တောင်ရှည်တောင်ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချသဖြင့် အဆိုပါဗျူဟာကုန်းကိုလည်း ဇန်နဝါရီလ ၆ ရက်တွင် AA က သိမ်းယူခဲ့သေးသည်။ ကျောက်တော်-ပလက်ဝ အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ရန် AA က ကြိုးပမ်းနေခြင်းဖြစ်သည်။ ပလက်ဝမြို့အနီးတွင် […]