အဏ္ဏဝါလွှမ်း ဦးခင်စိုးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေး
Dawei Watch
September 18, 2023အဏ္ဏဝါလွှမ်း ကုမ္ပဏီနှင့် ထားဝယ်အများပိုင်ကုမ္ပဏီ(DDPC) ဥက္ကဋ္ဌဖြစ်သူ ဦးခင်စိုးမှာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း နီးစပ်သူအချို့ထံမှ သိရသည်။ ဦးခင်စိုးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်ဒါမီယာရှိ နေအိမ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နီးစပ်သူအချို့က ဆိုသည်။ “ခဏခေါ်မေးတာလောက်ပဲ ပြောတယ်။ ပုံမှန်အလုပ်ပြန်လုပ်နေပါပြီ”ဟု နီးစပ်သူတစ်ဦးက ပြောသည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နီးစပ်သူအချို့က ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ရုံးစိုက်၍ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်နေသည့် အဏ္ဏဝါလွှမ်းကုမ္ပဏီ ပိုင်ရှင် ထားဝယ်သားတစ်ဦးဖြစ်သည့် ဦးခင်စိုးသည် ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံတော်ပိုင် စက်သုံးဆီ အရောင်းဆိုင်အများအပြားကို လုပ်ကိုင်ခွင့်ရခဲ့သူ ဖြစ်သည်။ ဦးခင်စိုးသည် Apex စက်သုံးဆီကုမ္ပဏီ လုပ်ငန်းရှင်လည်း […]