ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် အရပ်သားထိခိုက်သေဆုံး
Dawei Watch
November 2, 2023ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အရပ်သား တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားကြောင်း မြို့ခံတို့က ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာလ ၁ ရက်နေ့ ည ၈ နာရီခန့်ကတည်းက ပစ်ခတ်တိုက်ခဲ့ပြီး နိုဝင်လာလ ၂ ရက်နေ့အထိ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ တိုက်ပွဲကြောင့် နေအိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး အရပ်သား တစ်ဦး သေဆုံးသွားကာ ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိကြောင်း မြိုခံတို့က ပြောဆိုသည်။ နေအိမ်ထိခိုက်ပျက်စီးမှုလည်းရှိကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့ည ၈ နာရီလောက်ကတည်းက ပစ်သံကြားရတယ်။ သိသလောက်ကတော့ အရပ်သား တစ်ဦး သေသွားတယ်။ ဘယ်သူမှ ဘယ်မှ […]