ထားဝယ်မှ ငလျင်ဘေးကူညီကယ်ဆယ်ရေးအဖွဲ့ မန္တလေးသို့ သွားရောက်ကူညီမည်
Dawei Watch
March 29, 2025တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အခြေစိုက် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ငလျင်ဘေးသင့်သူများကို ကူညီရန် မနက်ဖြန်(မတ် ၃၀) နံနက် ၄ နာရီတွင် ထားဝယ်မြို့မှ မန္တလေးမြို့သို့ စတင်ထွက်ခွာမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ ထံမှသိရသည်။ ငလျင်ဘေး ကူညီကယ်ဆယ်ရေးအဖွဲ့တွင် ထားဝယ်ဒေသအခြေစိုက် အရေးပေါ် လူနာတင်ယာဉ်အသင်း လေးသင်းမှ အဖွဲ့ ဝင် ၃၈ ဦးပါဝင်မည်ဖြစ်ပြီး လူနာတင်ယာဉ် ၄ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီးနှင့် အထောက်အကူပြုယာဉ် ၁ စီး စုစုပေါင်းယာဉ် ၆ စီးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါဝင် သယ်ဆာင်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်ကပြောသည်။ “မန္တလေးရောက်ရင်တော့ သက်ဆိုင်ရာ မန္တလေးတိုင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးတွေ […]