တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
November 25, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ စစ်ဆင်ရေး ထပ်မံတိုးမြှင့်မယ်လို့ မြောက်ပိုင်းမဟာမိတ်ပြော တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးကို ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ နောက်တစ်ဆင့်တက်ဖို့ အသင့်ဖြစ်နေပြီလို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့က အောက်တိုဘာလ ၂၇ရက်မှာ စတင်ခဲ့တာပါ။ ၁၀၂၇ စစ်ဆင်ရေး ရောက်ရှိတဲ့ ဒေသတွေမှာ စစ်ရှိန်ဆက်လက်မြင့်တက်နေပြီး စစ်ကောင်စီတပ်ရဲ့ မဟာဗျူဟာမြောက် အချက်အချာကျတဲ့ ကုန်းတွေ၊ နေရာတွေကို […]