BREAKING
February 25, 2025

ပြည်တွင်းသတင်း

နမ္မတူမြို့ကို တအာင်းတပ် သိမ်းယူ

Dawei Watch

December 28, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ရှိ စစ်ကောင်စီတပ် ဗျူဟာမှူး အခြေချကွက်ကဲသည့် တပ်စခန်းတို့ကို သိမ်းယူပြီး မြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ယနေ့ ဒီဇင်ဘာလ ၂၈ရက်တွင် ထုတ်ပြန်သည်။ နမ္မတူရှိ စစ်ကောင်စီတပ်စခန်းတို့ကို ဒီဇင်ဘာလ ၂၅ ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး လေးရက်အကြာ ယနေ့ ဒီဇင်ဘာလ ၂၈ရက် နံနက်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်း အပါအဝင် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ အလုံးကို သိမ်းယူရရှိကြောင်း ဖော်ပြသည်။ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာ သိမ်းဆည်းရရှိကြောင်းလည်း ဖော်ပြသည်။ နမ္မတူမြို့ ရှိ စစ်ကောင်စီတပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခမရ-၃၂၄၊  ခလရ-၂၅၆ […]

မြောက်ဦးမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်၊ အရပ်သားငါးဦးထက်မနည်းဒဏ်ရာရ

Dawei Watch

December 24, 2023

ရခိုင်ပြည်နယ် မြောက်ဦးမြို့မရဲစခန်းကို ယနေ့နံနက် ၃နရီဝန်းကျင်တွင် ရက္ခိုင့်တပ်တော် AA က ဝင်ရောက် တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၃နာရီခန့်တွင် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ရင်းတို့က မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ လက်နက်ကြီးကျည် မြို့လယ်လမ်းဆုံလမ်းခွနှင့် ရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲပြီး ဒေသခံငါးဦးထက်မနည်း ဒဏ်ရာရသည့်အပြင် နေအိမ်အချို့လည်း လက်နက်ကြီးကျည်ထိမှန် ပျက်စီးကြောင်း ဒေသတွင်းသတင်းဌာနအချို့တွင် ဖော်ပြသည်။ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုမှာ နံနက်ပိုင်းတွင် ရပ်တန့်သွားသော်လည်း မွန်းလွဲပိုင်းအထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။ မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်မည်ဟု သတင်းထွက်သဖြင့် မြို့ခံများမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ကပင် ထွက်ပြေး […]

မန်တုံမြို့ကို တအာင်းတပ်သိမ်းယူ၊ တအာင်းတပ် သိမ်းထားသည့်မြို့ လေးမြို့အထိရှိလာ

Dawei Watch

December 24, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့တွင် စစ်ကောင်စီ ဗျူဟာမှူးအခြေချကွပ်ကဲနေသည့် တပ်စခန်းများကို သိမ်းယူပြီး မြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တအာင်းတပ်တော် TNLA က ထုတ်ပြန်သည်။  မန်တုံရှိ စစ်ကောင်စီတပ်စခန်းများကို ဒီဇင်ဘာလ ၁၉ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး လေးရက်အကြာ ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။  စစ်ကောင်စီတပ် ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။  ခလရ ၁၃၀ တပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခလရ-၁၃၀ တပ်နှင့် တမ-၁၀၁ လက်အောက်ခံ ခလရ-၂၅၄ တို့က လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် တပ်ဖြစ်ကြောင်း TNLA က ဆိုသည်။ လေးရက်တာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်ဖြင့် ၄၃ ကြိမ်၊ Y12 လေယာဥ်ဖြင့် ၁၈၃ ကြိမ်၊ တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် အကြိမ် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

December 23, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကုလမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂမှာ စစ်ကောင်စီကိုယ်စားပြုခွင့် ဆက်လက်ဆုံးရှုံးသွားပါတယ်။ မြန်မာနဲ့ အာဖဂန်နစ္စတန် နိုင်ငံကိုယ်စားပြုမယ့်သူတွေ ရွေးချယ်ရေးအဆိုကို ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်ရွေးချယ်ရေးကော်မတီက ထပ်မံဆိုင်းငံ့လိုက်တယ်လို့ ဒီဇင်ဘာလ ၁၈ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒါကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေတာပါ။ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ ကိုစားပြုသူအတွက် နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးနဲ့ စစ်ကောင်စီတို့က အပြိုင်တင်သွင်းထားတာပါ။ ကိုယ်စားလှယ်ရွေးချယ်ရေးအဆိုကို ၂၀၂၂ မှာ ဆိုင်းငံ့ခဲ့သလို အခုလည်း […]

ကိုးကန့်တပ်က စစ်ဘေးရှောင်များကို တပ်သားသစ်စုဆောင်းနေဟု HRW ထုတ်ပြန်

Dawei Watch

December 22, 2023

ရှမ်းပြည်နယ်တွင် တိုက်ပွဲရှောင်လာသော စစ်ဘေးရှောင်များကို ကိုးကန့်တပ် (မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA))က ပြန်ပေးဆွဲ၍ တပ်သားအဖြစ် အတင်းအကျပ် စုဆောင်းနေကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ MNDAA အနေဖြင့် အရပ်သားများ၊ စစ်ဘေးရှောင်များအပေါ် ကျူးလွန်နေသည့် ကြမ်းတမ်းသောလုပ်ရပ်များကို ချက်ချင်းရပ်သင့်ကြောင်း၊ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ၌လည်း အရပ်သားများကို အကာအကွယ်ပေးရန် နည်းလမ်းများ ချမှတ်ထားသင့်ကြောင်း HRW ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “MNDAA ဟာ အရပ်သားတွေကိုပြန်ပေးဆွဲတာ၊ တပ်သားအဖြစ် အတင်းအကျပ် စုဆောင်းတာတို့ကို လုပ်ဆောင်နေသလို အရပ်သားတွေကို ဆိုးဆိုးရွားရွား အန္တရာယ်ဖြစ်စေလို့ စစ်ပွဲဥပဒေကို ချိုးဖောက်နေတယ်” ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ အာရှရေးရာ ဒါရိုက်တာ Elaine Pearson က ဆိုသည်။ […]

ပေါက်တောမြို့သို့ စစ်ကူလာသည့် စစ်သင်္ဘောသုံးစီးကိုပစ်ခတ်ရာ တစ်စီးထိမှန်ဟု AA ပြော

Dawei Watch

December 22, 2023

ရခိုင်ပြည်နယ် ပေါက်တောမြို့သို့ စစ်ကောင်စီတပ်က လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းရန် စစ်သင်္ဘောသုံးစီးဖြင့် လာရောက်ချိန် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တစ်စီးထိမှန်ကာ နောက်ပြန်လှည့်သွားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၁ ရက် မွန်းလွဲ ၁နာရီခန့်တွင် ပေါက်တောမြို့ပေါ်တွင် စစ်ကောင်စီတပ် လက်ကျန်တပ်ဖွဲ့ဝင်တို့နှင့် AA တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြသည်။ စစ်ကောင်စီတပ်ဘက်က ယင်းနေ့တွင် စစ်သင်္ဘောသုံးစီးဖြင့် စစ်အင်အားဖြည့်တင်းရန်လာချိန် AA က ပစ်ခတ်ရာ တစ်စီးထိမှန်သဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံး၊ ဒဏ်ရာရကြောင်း AA က ထုတ်ပြန်ထားသည်။ မြို့ပေါ်တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပန်းသီးရပ်ကွက်နှင့် ရပ်ကွက် (၃) ထဲရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ဖော်ပြသည်။ စစ်ကောင်စီတပ်သည် ပေါက်တောမြို့သို့ စစ်အင်အား၊ […]

လောက်ကိုင်မြို့တွင် တိုက်ပွဲပြန်ဖြစ်

Dawei Watch

December 20, 2023

တရုတ်ကြားဝင်ညှိနှိုင်းပေးသဖြင့် အပစ်ရပ်ထားသည့် လောက်ကိုင်မြို့တွင် ဒီဇင်ဘာလ ၁၉ရက်မှစတင်ကာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။ ကိုးကန့်ဒေသတွင် ဒီဇင်ဘာလ ၁၀ရက်ညနေပိုင်းမှစတင်ပြီး အပစ်အခတ်ရပ်စဲသွားပြီးနောက် ဒီဇင်ဘာလ ၁၈ရက်ညနေပိုင်းတွင် စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ်ဖြင့် MNDAA ၏ ခံတပ်ကို သုံးကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAA အာဘော် ကိုးကန့်မီဒီယာတွင် ရုပ်သံမှတ်တမ်းနှင့်တကွ ဖော်ပြသည်။ ယင်းအပြင် စစ်ကောင်စီတပ်သည် ကွမ်ရင်ရှမ် (တရုတ်ဘုံကျောင်း) နှင့် ဖီဖာရွှေနေရာမှနေ၍ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြသည်။ ယင်းနောက် ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ် လောက်ရှမ့်ထန်ဒေသ တစ်ကြောတွင် ဒီဇင်ဘာလ ၁၉ရက် နေ့လယ်ပိုင်းမှစတင်ကာ တိုက်ပွဲစတင်ဖြစ်ပွားကြောင်း MNDAA က ဆိုသည်။ တရုတ်ကြားဝင် စေ့စပ်ပေးမှုကြောင့် MNDAA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် […]

နမ့်ခမ်းမြို့ကို တအာင်းတပ် သိမ်းယူ

Dawei Watch

December 19, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ပြီး ယနေ့ ဒီဇင်ဘာလ ၁၉ရက်တွင် မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၇ ရက်မှ ဒီဇင်ဘာလ ၁၉ရက်အထိ ၃၂ ရက်ကြာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်စခန်းများကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စစ်ကောင်စီ စခန်းသစ်ကုန်းစခန်း အပါအဝင် ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းသည် အင်အား ၉၀၀ နီးပါးရှိသည့် စကခ-၇ နှင့် လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၆၁၊ ခမရ-၄၂၃၊ ၄၂၆၊ […]